😈[DSH-part15]🦋 သွေးလိပ်ပြာငယ်လေး၏ ခေါ်ဆောင်ရာ(၁)

630 80 63
                                    

#unicode

Fated: Devil's Scarlet Heart 😈

🦋>>သွေးလိပ်ပြာငယ်လေး၏ ခေါ်ဆောင်ရာ(၁)<<🦋

ရင်းနှီးနေကြခြေလှမ်းတွေက ဒီနေ့လည်းပဲ ကုန်တိုက်တစ်ခုကို ဦးတည်ပြန်တယ်။ ယူနေကြ ပစ္စည်းတွေကို လှမ်းယူမိဆဲဆဲမှ အသိဝင်တယ်..!

"အာ... ထပ်ဖြစ်ပြန်ပြီ...."

တန်းပေါ်ဦးတည်နေတဲ့ မိမိလက်ကို ပြန်ရုတ်၍ ကိုယ့်ကိုယ်ကို စိတ်ပျက်စွာပဲ ဆံနွယ်တွေပေါ် ရေစက်များ တွဲခိုနေသည့်အလား သုံးလေးချက်လောက် ခါယမ်းလိုက်မိပြီး ဆံနွယ်ဖျားတွေကို ဆုပ်ကိုင်လို့ နှစ်ချက်လောက် ထုမိတယ်။ အလေ့အကျင့်တစ်ခုလို ဖြစ်နေတဲ့ မိမိဦးနှောက်ကို အသိဝင်‌အောင် သတိပေးနေသလို။

စိတ်မကြည်စွာပဲ စုတ်တစ်ချက်သပ်မိပြီး တစ်စုံတစ်ယောက်ကို တိတ်တိတ်လေး ကျိန်ဆဲလိုက်တယ်။

"ကျစ်.!! အဲ့လူ.. အဲ့လူပဲ.. ငါ့ကို အခုလို ရူးနှမ်းနှမ်းအပြုအမူတွေ ဖြစ်အောင်လုပ်တာ အဲ့လူပဲ.. မုန်းဖို့ကောင်းလိုက်တာ.. မုန်းဖို့ကောင်းလိုက်တာ.."

“ပဲပြားဖြူကလန်ကလားစုတ်”

ဆံနွယ်ဖျားတွေကို စိတ်မရှည်စွာ ဖွယောင်းလိုက်ပြီး ဒီအသင့်စား စားသောက်ကုန်တန်းလျားမှ ခွာဖို့ပြင်တယ်။ ယခုလိုရူးရူးနှမ်းနှမ်းတွေပြုမူနေမိတာ တစ်ခါနှစ်ခါပင်မကတော့ပေ‌ပဲ။ ရှောင်းကျန့်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အပါတ်မှစ၍ ယခုတစ်ပတ်အပါအဝင် နှစ်ပတ်လုံးလုံးပင်။ အရင်အခါတွေကဆို ထုံးစံအတိုင်းစားစရာတွေအပြည့်သယ်ပြီး ‌မိမိ၏ လေလွင့်ဝိဉာဉ်အပေါင်းအသင်းများနေရာထိတောင် ရောက်ခဲ့၏။ ထိုသို့ရောက်ရောက်သွားခြင်းမှာလည်း တစ်ခါနှစ်ခါပင်မက။

ယနေ့လည်း ကျောင်းအားလပ်ရက်မို့ အပြင်ထွက်လာတော့ ယဉ်ပါးနေတဲ့ခြေထောက်တွေက ဒီနေရာကိုအရောက်လာတယ်။

"ဒါတွေအားလုံးက အသေးလေး(လေလွင့်ဝိဉာဉ်အုပ်စုမှ သရဲငယ်လေး) တို့ကို ငါ့ဆီကခွင့်ပြုချက်မရှိဘဲ လုပ်ချင်တိုင်းလုပ်သွားတဲ့ အဲ့ဒီ့ ပဲပြားဖြူကလန်ကလားလူကြောင့်ပဲ! တွေ့မယ် ခင်ဗျားနဲ့တွေ့ရင်ကို ဒီထက်မကဆဲပစ်ဦးမယ်"

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Opowieści tętniące życiem. Odkryj je teraz