😈[DSH-Part4]🦋 တစ္ဆေလောက၊ Sean's world သို့

1.2K 161 49
                                    

#Unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>တစ္ဆေလောက၊ Sean's world သို့ <<🦋

"ကျွန်တော်လည်းလိုက်မယ်.......! Sean!"

အသံကြောင့် နှစ်ယောက်ပြိုင်တူလှည့်ကြည့်လိုက်တဲ့အခါ အကြောက်အလန့်မရှိ ယုံကြည်ချက်တွေကိန်းအောင်းနေသောမျက်နှာ။ ကောင်လေးတစ်ယောက်ရဲ့ လခြမ်းကွေးနှယ်ကော့ညွှတ်နေသော အပြုံးကြီးကိုတွေ့လိုက်ရ၏။
ထိုကောင်လေးရဲ့လက်ထဲမှာတော့ လိပ်ပြာတောင်ပံခတ်ပုံစံ ငွေဖြူရောင် မျက်နှာဖုံးလေးက နေရာယူနေတော့သည်။

ရှောင်းကျန့်တစ်ယောက် အသေချာပင် အံ့ဩသွားရသည်။ အဘယ်ကြောင့်မူ သိပ်မကြာသေးခင်ကပဲသူကိုယ်တိုင် ထိုကောင်လေးကို သူ၏ပတ္တမြား‌ရောင်မျက်၀န်း‌ တောက်တောက်နှင့် အိပ်မွေ့ချခဲ့သည်မဟုတ်ပါလား။ အနှီကောင်လေး မိမိနှင့်ဆုံခဲ့တဲ့ မှတ်ဥာဏ်အပိုင်းအစ တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ပြီးပြီမဟုတ်ပါလား။

“ဒါဆို ဘယ်လိုကြောင့် ထို ‌ကြာပန်းလေးက...... သူ...သူက....”

အံ့ဩလွန်းရ၍ ဘာစကားမှထွက်မလာတဲ့နတ်ဆိုးမိစ္ဆာတို့ရဲ့အရှင်ကို Gangက‌လည်း စကားအဖြတ်အတောက်မမှန်ကန်စွာ အထစ်ထစ် အ အအ ပြောလာသည်။

"အ ရှင်Sean.. အဲ့လူ သား‌ကောင်လေးက ဘယ် ဘယ်လိုဖြစ် ပြီး...အရှင် Seanကိုယ်တိုင်ပဲ....အဲ့လူ သားကောင်လေးကို အိပ် မွေ့‌ချ ခဲ့တယ်မ ဟုတ်ဘူးလား"

‌တုံ့ပြန်ခြင်းရှိမလာတဲ့ Sean ကို ရိပေါ်ကပဲ ထပ်မေးမိတယ်။

"Sean! ကျွန်တော်လည်း ခင်ဗျားတို့နဲ့လိုက်လို့ရမလား"

"မရဘူး..!"

"ဘာလို့လဲ"

အနည်းငယ်အံ့ဩနေတဲ့အရိပ်ယောင်ကနေ ရေခဲပြင်နှယ်အေးစက်မှုအရိပ်‌ယောင်တို့ကိန်းအောင်းစေလိုက်ပြီး အံ့ဩမှုတို့ချိုးနှိမ်ကာမေးလိုက်၏။

"ကောင်လေး မင်း က ဘယ်လိုဖြစ်ပြီး...?? စောနလေးတင်ကပဲ ငါကိုယ်တိုင် မင်းကိုအိပ်မွေ့ချခဲ့တာလေ... ဒါကို မင်းကဘာမှမဖြစ်ဘူးလား?? ဘယ်လိုမှမနေဘူးလား။ မဟုတ်ဘူး မဟုတ်ဘူး မင်းအိပ်ပျော်နေရမှာမဟုတ်ဘူးလား။"

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now