😈[DSH- part12]🦋 ကူကူးဝိဉာဥ်ငယ်‌လေး၏ နှုတ်ဆက်ခန်း

851 100 37
                                    

#unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>ကူကူးဝိဉာဥ်ငယ်‌လေး၏ နှုတ်ဆက်ခန်း<<🦋

ရှောင်းကျန့်ပြောစကားအတိုင်း လိုက်နာလိုက်ပြီး မြဲမြဲမြံမြံဖက်ထားလိုက်သည်။ ရိပေါ် မိမိကို အသေအချာ ဖက်ထားပြီဆိုမှ စောနက လက်မောင်းနှစ်ဖက်အားသုံးပြီး ထိန်းထားနေရာမှ လက်မောင်းတစ်ဖက်အားနှင့်သာ ပြောင်းထိန်း၍ အားသွားတဲ့ လက်တစ်ဖက်ဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်ပေ၏။

*ဖျောက်*ဆိုသည့်အသံနှင့်အတူ လျှပ်တစ်ပြက်အတွင်းမှာပင် မကြာခင်မှာပဲ ထင်းပုံဖြစ်တော့မယ့် အဆောက်အအုံကြီးထဲကနေ လွတ်မြောက်ရာကို ရောက်ခဲ့သည်။

ရှောင်းကျန့်ကို တင်းကြပ်စွာဖက်ထားတဲ့ ရိပေါ်ရဲ့လက်‌လေးထဲမှာတော့ ⟨099⟩ဆိုသည့် အမှတ်သားစာအုပ်လေးကား နေရာယူနေပေသည်။

သူတို့ ဘေးကင်းတဲ့ အဆောက်အဦးအပြင်ဘက်ကိုလည်းအရောက်၊ တစ်ချိန်တစ်ခါက စာကြည့်တိုက်တစ်ခုဖြစ်ခဲ့ဖူးပြီး မီးလောင်ခဲ့ဖူးသည့် အဆောက်အဦးအဟောင်းကြီးက ယခုမှာတော့ လုံးဝဥဿုံ ထင်းလုံးလုံးဖြစ်သွားချေတော့သည်။ ပြိုကျမှုအားပြင်းထန်တာကြောင့် တဝေါဝေါနှင့်။

"ရိပေါ်....ကောင်လေး မင်းအဆင်ပြေရဲ့လား?? တစ်ခုခု ထိခိုက်မိသွားသေးလား?"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး! အဆင်ပြေ....."

သူ့စကားမပြီးမြောက်သေးခင်မှာပဲ ထိကပ်လာတဲ့ နတ်ဆိုးအရှင် ရှောင်းကျန့်ရဲ့ လက်ချောင်းအေးစက်စက်တွေက လည်ပင်းသားဆီမှာ...! ရုတ်တရက်မို့ ရိပေါ်သည်လည်း မသိစိတ်အရ အလိုလို အနောက်ဆုတ်မိသလိုဖြစ်သွားပေမယ့်...တစ်ဖန် မိမိ ခါးဆီ ရေခဲတမျှအေးစက်သော ကျန်လက်တစ်ဖက်နှင့် ထိန်းကိုင်ခြင်းခံလိုက်ရ၏။

"မလှုပ်နဲ့..! ကိုယ် မင်း လည်ပင်းပေါ်က ဒဏ်ရာကိုပြောက်အောင်လုပ်ပေးနေတာမို့! ငြိမ်ငြိမ်လေးနေ"

အမှန်ပင်။ မကြာသေးခင်ကမှ "ကုရှိနျူရှန်"၏ချွန်ထက်ထက် အစွယ်တွေရဲ့ ကိုက်ခဲမှုကြောင့် လည်ပင်းသားလေးမှာ အစွယ်အရာက အထင်းသား။ သွေးမစို့တစို့နှင့် ရှိနေပေသေးသည်လေ။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now