😈[DSH-part5]🦋 အဆုံးသတ်မလှပခဲ့သော မယ်ရီလင်းနှင့် Sean's world နှင့်ခွဲခွာရခြင်း

1.1K 151 34
                                    

#Unicode

Fated: Devil's Scarlet Heart 😈

🦋>>အဆုံးသတ်မလှပခဲ့သော မယ်ရီလင်းနှင့် Sean's world နှင့်ခွဲခွာရခြင်း<<🦋

"ဟုတ်တယ်! ဒါပေမယ့်မဟုတ်ဘူး! အရင်ကပတ်သတ်ခဲ့ဖူးလို့သိတာမဟုတ်ဘူး မကြာသေးတဲ့နာရီပိုင်းအတွင်းလောက်ကမှ သိခဲ့တာ.....ဟူးးးး သူမက သိပ်သနားဖို့ကောင်းတယ်..."

Gang ကလည်း သိချင်ဇောနှင့်၀င်မေးလာသည်။

"လူသားကောင်လေးက ပီယာနို၀ိဥာဥ်အကြောင်းကို ဘယ်လိုသိတာလဲ? လူသားကောင်လေးသိသလောက်ပြန်ပြောပြလို့ရနိုင်မလား"

"ကောင်းပြီလေ"

ရိပေါ်သည်လည်း သူမည်သို့သိခဲ့ရပုံကိုပြောပြရန်
စတင်လိုက်၏။

"လွန်ခဲ့တဲ့နာရီပိုင်းလောက်တုန်းက “အရှက်မရှိပွဲ” (wedding anni) မှာ မယ်ရီလင်း ဝိဉာဉ်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ပီယာနိုကိုတီးခတ်ရင်းနဲ့သိခဲ့ရတာ....သူမ ဝိဉာဉ်က တစ်ကယ်တမ်းကျတော့ သနားဖို့ကောင်းပါတယ်...။ လှပတဲ့အဆုံးသတ်တစ်ခုနဲ့ကြုံခဲ့ရတာမဟုတ်တဲ့အတွက်...ပြီးတော့... မိုက်ရူးရဲလည်းဆန်တယ်...။ "

ရှောင်းကျန့်ကကြားဖြတ်မေးလာသည်။

"ပီယာနိုတီးခတ်ရင်းနဲ့..."

"အင်း...ဟုတ်တယ်..။ ကျွန်တော့်မှာ တခြားသာမန်လူတွေနဲ့မတူတဲ့ မွေးရာပါ သဘာ၀လွန်စွမ်းအားအချို့ ပိုင်ဆိုင်ထားတယ်။ အခု Sean တို့လို တိတိကျကျအမည်တပ်လို့မရတဲ့ ဖြစ်တည်မှုတွေကို မြင်ရတာပဲကြည့်လေ...။ အဲ့လိုမျိုးပဲ နောက်တစ်မျိုးရှိသေးတယ်... အဲ့ဒါက သေဆုံးပြီးသွားတဲ့ ဝိဉာဉ်တွေရဲ့ ဘယ်လိုမျိုး သေဆုံးခဲ့ပုံတွေကိုလည်း သိနိုင်သေးတဲ့ စွမ်းအားတစ်မျိုးပေါ့။ သူတို့တွေ မသေဆုံးခင်က ပိုင်ဆိုင်ခဲ့တဲ့၊ သူတို့အရမ်းသဘောကျခဲ့တဲ့ အရာ၀တ္ထုကို ကိုင်တွယ်ကြည့်ပြီး သူတို့ရဲ့ မသေဆုံးခင်ဘ၀ကို ၀င်ခံစားလို့ရတယ်။ အဲ့လိုနည်းနဲ့ သူတို့ရဲ့ မသေဆုံးခင်ဘ၀ တစ်စိတ်တစ်ပိုင်းကို သိနိုင်တာပဲဆိုပါတော့....။ တခြားလူသားတွေအတွက် နည်းနည်းတော့ ယုတ္တိမတန်ဘူးလို့ထင်နိုင်တာပေါ့ဗျာ..."

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now