😈[DSH-part21]🦋 မင်းကို အကြာကြီးမေ့နေမိခဲ့တဲ့အတွက် ကိုယ်တောင်းပန်ပါတယ်

393 37 2
                                    

#unicode

Fated: Devil's Scarlet Heart

🦋>>မင်းကို အကြာကြီးမေ့နေမိခဲ့တဲ့အတွက် ကိုယ်တောင်းပန်ပါတယ်<<🦋

Some words contain rate of adult... Read on your own risk. ⚠️

နောက်တစ်နေ့ဟု ယူဆလို့ရတဲ့ ဝေလီဝေလင်းနံနက်ခင်းတစ်ခုမှာ ရိပေါ်ဟာ နိုးထလာခဲ့သည်။ မြူနှင်းတွေရစ်ဆိုင်းနေသော လေထုက အိစက်နေသောပါးပြင်ဆီဆော်သွေးပြီး မျက်တောင်ဖျားလေးတွေ ပင့်မလိုက်တဲ့အခါ အလင်းတန်းလေးတစ်ကြောင်းက သူ့မျက်လုံးအိမ်ဆီ ချဉ်းနင်းဝင်ရောက်‌လာခဲ့သည်။ စူးရှလွန်း၍ ချက်ချင်းပဲ မျက်တောင်ဖျားလေးများကို ပြန်ချလိုက်ပေ၏။

မနက်ခင်းလေလေးက အေးစက်လွန်းသဖြင့် သူ့ခန္ဓာကိုယ်လေး တုန်တက်မိရကာ အလိုလိုကျုံ့ကွေးမိလိုက်သည်။ အေးစက်စက်ကျောက်ဖျာက သူ့ကျောပြင်ကို အေးစက်တောင့်တင်းနေစေသည့်အပြင် ကိုင်ရိုက်ထားသလို ကျောတွေလည်း အောင့်‌နေသေးသည်။ မလှုပ်နိုင်။ နည်းနည်းလေးတောင်လှုပ်ယှက်ဖို့ သူ့မှာ အားအင်တွေဆုတ်ယုတ်နေခဲ့ပေသည်။ သို့ဖြစ်ရာ ပင်ပန်းလွန်းနေသဖြင့် နိုးထဖို့ရာ ပယ်ဖျက်လိုက်ပြီး ပြန်လည်မှေးစက်ဖို့ရာသာ ရွေးချယ်လိုက်၏။ သို့ပေမယ့် အလုံးစုံတော့ အိပ်မပျော်ပါတော့‌ချေ။

အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြစ်နေသော ရိပေါ်ဟာ အေးလွန်းပါသဖြင့် နွေးထွေးမှုပေးနိုင်သော အနွေးဓာတ်လေးရှိရာဆီ အလိုအလျောက်ရှာဖွေမိတော့… နူးညံ့အိစက်သလို ကျစ်လျစ်တောင့်တင်းသော ပြင်ကျယ်ကျယ်နေရာတစ်ခုနှင့် ခေါင်းလုံးလုံးလေးက သွားတိုးတိုက်မိသည်။ ထိုနေရာလေးဆီမှလည်း မက်မွန်ပန်းရနံ့သင်းသင်းတွေ နှာခေါင်းတစ်ခုလုံးအပြည့် ထုံသင်းနေအောင်ကို ရရှိပါသေးသည်။ သင်းပျံ့ပျံ့ရနံ့လေးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံလွှမ်းသွားရကာ ကိုက်ခဲနာကျင်နေရမှုတွေကိုတောင် ပြေလျော့၊ လျော့ပါးသွားစေပါသလို။ သက်သာစေသည်။ ရင်းနှီးနေပါသည်။ အရမ်းကိုရင်းနှီးနေပါသည့် မက်မွန်ပန်းရနံ့သင်းသင်းလေး။

တဖြည်းဖြည်းချင်းနှင့် အိပ်ချင်ပြယ်လာသောအခါ ရှုပ်ယှက်ခတ်နေသော အတွေးစပေါင်းများစွာက သူ့ခေါင်းတစ်ခုလုံးတွင် ချဉ်းနင်း‌တိုးယှက် ဝင်ရောက်လာခဲ့သည်။ ယခုလက်ရှိ ခံစားနေရမှုတွေကို တစ်ခုချင်းစီ တွေးတောနေမိ၏။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now