❤TLKOTV-3❤

3.8K 273 8
                                    

ဒီနေရာက အရမ်းမှောင်မည်းလွန်းနေတယ်။အရမ်းလည်းအေးတယ်။နေရတာစိတ်ခြောက်ခြားစရာကြီး။ကျွန်တော်ခု ဘယ်ရောက်နေတာလဲ။ဟာ.....ဟိုမှာတွေ့ပြီ VEEဆိုတဲ့ လူကြီး။

"လူကြီး...လူကြီး...ကျွန်တော့်ကိုလာခေါ်ဦး။ဒါဘယ်နေရာလဲ"ကျွန်တော် အော်ခေါ်လိုက်တော့ လူကြီးက ကျွန်တော့်ဘက်လှည့်လာတယ်။ လူကြီးရဲ့လက်တွေကလည်း ကြိုးတုပ်ခံထားရတယ်။မျက်နှာကလည်း အားမရှိတဲ့ပုံပေါက်နေတယ်။

"လူကြီး....အဆင်ပြေရဲ့လား!!"ကျွန်တော် စိုးရိမ်စွာအော်ပြောလိုက်တော့။လူကြီးက ရဲ့ရဲ့လေးပြုံးပြတယ်။မိန်းမတစ်ယောက် ဖြတ်ကနဲဆို ပေါ်လာပြီး

"VEEကငါ့အပိုင်...နင်ဘယ်တော့မှ VEEကိုမရစေရဘူး"

ထိုမိန်းမကကျယ်လောင်စွာအော်ပြောပြီး လူကြီးရောသူရော ပျောက်ကွယ်သွားသည်။

"မဟုတ်ဘူးလေ..!!လူကြီး ခဗျားကြီး ကျွန်တော့်ကို ထားခဲ့လို့မရဘူးလေ...အဲ့လိုလုပ်လို့မရဘူးလေ...ဟင့်...ဟင့်...မရဘူးလို့...အီး...ဟီးး"

"ထားမသွားပါနဲ့.....!!!!!!"

"Baby!!!ဘာဖြစ်တာလဲ...ဟင်..အိမ်မက်ဆိုးမက်နေတာလား ဟုတ်လား။အဲ့လိုကြောင်တောင်တောင်ကြီး ထိုင်မနေပါနဲ့ ကိုယ်ရင်တွေပူလာလို့ပါကွာ"

အိပ်နေရင်းအကျယ်ကြီးထအော်ပြီးကြောင်တောင်တောင်လေးဖြစ်နေတဲ့ကလေးငယ်ကြောင့်VEEလန့်သွားရလေသည်။

"ကိုကို....အီးဟီး...ဘာလို့...ကျွန်တော့်ကို ထားခဲ့တာလဲ။ကြောက်နေတာမသိဘူးလား"Vaselလေးလည်း ဝမ်းနည်းကာ သူ့ကိုကိုအား ဖက်၍ အော်ငိုနေတော့သည်။

"အင်းပါ...ကိုကိုထားမသွားဘူးနော်...အိမ်မက်ဆိုးမက်နေတာပါကွာ....ရေလေးသောက်လိုက်ဦးနော်"

ဂယောင်ခြောက်ခြားဖြစ်နေတဲ့ကလေးလေးအား ကုတင်ဘေးတွင် အသင့်ရှိသော ရေအားတိုက်လိုက်လေသည်။

"နည်းနည်းသက်သာပြီလား"

"အင်းးးးး"Vaselလေးလည်း သူ့ကိုကိုအား ရေခွက်ပြန်ပေးရင်း ပြောလိုက်လေသည်။

"ကဲ...ပြောပါဦး။ဘယ်လိုအိမ်မက်တွေက ကိုယ့်ကလေးလေးကို ခြောက်လန့်နေရတာလဲ"

The little king of the vampireWhere stories live. Discover now