❤TLKOTV-13❤

1.8K 143 20
                                    

Uni
~~~

"သခင်ကြီး စံအိမ်ရောက်ပါပြီ"VEEအားကားတံခါးဖွင့်ပေးရင်းပြောလိုက်သည်။

"ဟုတ်ပြီ...အိမ်ထဲကအလုပ်သမားတွေအကုန်တိုးတိုးနေဖို့သွားပြောလိုက်။အသံတစ်သံထွက်တာနဲ့အကုန်ခေါင်းပြုတ်ပြီသာမှတ်"

"ဟုတ် ဟုတ် သခင်ကြီး"ဟုပြောကာ စံအိမ်ထဲဝင်သွားလေသည်။

VEEသူ့ပေါင်ပေါ်မှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သူ့ကလေးလေးအား ညှင်သာစွာ ပွေ့ချီကာ VEEတို့အပေါ်ထပ်အခန်းထဲသို့တန်းဝင်သွားသည်။အခန်းထဲရောက်တော့ ကုတင်ပေါ်တွင်တင်လိုက်ပြီး စောင်လေးခြုံကာ နှဖူးလေးအားနမ်းပြီး သိပ်ထားခဲ့လိုက်သည်။

"သခင်ကြီးမနက်ကတည်းကသွေးမသောက်ရသေးဘူးမဟုတ်လား။ထမင်းစားဆောင်မှာသွားသုံးဆောင်လိုက်ပါဦး"

"ဟုတ်ပြီ"ထမင်းစားဆောင်ထဲသွားဖို့ ပြင်တော့ အောက်ထက်ကစကားသံကျယ်ကျယ်တစ်ခုကြားလိုက်ရတာကြောင့် မျက်မှောင်ကျုံ့ပြီးအောက်ထက်ဆင်းသွားလေသည်။

"VEE!!မင်းအခုထွက်ခဲ့...မင်းဘာကိစ္စငါ့သမီးကိုနာကျင်အောင်လုပ်ရတာလဲ..ထွက်ခဲ့စမ်း!!"Mafiရဲ့အဖေသည် သူ့သမီးဖြစ်လာသော ပုံစံကြောင့်VEEအားဒေါသထွက်ကာ လာ သောင်းကြမ်းနေခြင်းဖြစ်သည်။

"ရှူးးးးးးခဗျားတိုးတိုးပြောရင်ကောင်းမယ်။ငါ့ကလေးအပေါ်မှာအိပ်နေတယ် ခဗျားအသံကြောင့်နိုးလာရင် ခဗျားမလွယ်ဘူးနော်"

"အဲ့ကောင်ကဘာသားနဲ့ထုထားလို့မင်းအဲ့လောက်ဖြစ်နေရတာလဲ..ဟမ်..အဲ့ကောင်အတွက်ကြောင့်နဲ့ မိန်းကလေးတစ်ယောက်ကိုကိုယ်ထိလက်ရောက်လုပ်စရာလား"

"တောက်!!! ငါအခုဒေါသမထွက်ချင်ဘူးနော်။ဒီကနေထွက်သွားရင်ကောင်းမယ်"Vaselလေးနိုးမှာစိုးလို့အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။

"မင်းကVampireနန်းတော်ရဲ့ဘုရင်နော်။Vampireတွေရဲ့ဥပဒေက Vampireမတွေကိုထိခိုက်အောင်မလုပ်ရဘူးလေ။အဲ့တာကိုမင်းကစပြီးချိုးဖောက်နေတော့"

"အဲ့တော့ဘာဖြစ်လဲ!ငါ့ကလေးလေးတွက်ဆိုဥပဒေတွေဆိုတာစာသက်သက်ပဲ။ပြီးတော့ ဘုရင်ကိုဒီလိုလာပြောနေတဲ့ ခဗျားသတ္တိကိုလေးစားတယ်။အကြီးအကဲတစ်ယောက်ဖြစ်တာကိုထောက်ပြီး ဒီကထွက်သွားပါ။မဟုတ်ရင်ကျွန်တော်ဘာလုပ်မိမယ်မသိဘူး"ဟုပြောကာ ထွက်သွားလေသည်။

The little king of the vampireWhere stories live. Discover now