❤TLKOTV-27❤

1.3K 108 16
                                    

Uni
.....

ကိုကိုဟာလေ ယုန်နဲ့တောင်လိုက်တွက်ကပ်နေတဲ့ ကလေးဆိုးလေး..သူ့ကိုကလေးလေးလို့ပြောရင်လည်းမကြိုက်ချင်ပြန်ဘူး...သူ့ကိုယ်လုံးကြီးကိုယုန်လေးတွေလိုရင်ခွင်ထဲထည့်ပြီးပွေ့ထားရင်အသက်ထွက်ရချည်ရဲ့

"ယုန်လေးတွေလိုသေးပေးလေ...အဲ့တာဆိုရင်ခွင်ထဲနေ့ရောညပါထည့်ထားပေးမယ်"

"တကယ်လား...ယုန်လိုသေးရင်ရတယ်မလား"

"ဟိတ်..ဟိတ်..လင်းနို့ပုံပြောင်းလို့မရဘူးနော်.."

ညဏ်များတဲ့ကိုကိုကလင်းနို့ပုံပြောင်းတော့မယ်ဆိုတာကြိုသိပြီးသား...

"အလည်လေး...ကိုကိုအမြုတေပြန်ရမှတွေ့မယ်"

"ခစ်..ခစ်..ကိုကို့Babyလေးပဲအဲ့လောက်တော့လည်ရမှာပေါ့"

ကိုကိုနဲ့စကားပြောနေတာကိုအာရုံရောက်နေတုန်း ပေါင်ပေါ်ကပေါ့သွားသလိုခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်တော့ ပေါင်ပေါ်မှာယုန်လေးရှိမနေတော့..ဘေးဘက်ကိုဝေ့ဝဲကြည့်လိုက်မှ ထွက်ပေါက်ဆီ ခုန်ခွခုန်ခွနဲ့သွားနေတဲ့ယုန်လေးကိုတွေ့
ရသည်။

"ကိုကိုBabyယုန်လေးကိုသွားခေါ်လိုက်ဦးမယ်နော်"

"ပြေးမသွားနဲ့နော်Baby"

"ဟုတ်"

ကိုကို့ကိုဟုတ်တစ်လုံးတည်းသာပြန်ဖြေလိုက်ပြီး ယုန်လေးနောက်အမြန်လိုက်ရတော့သည်။အနောက်ကနေ ဖြေးဖြေးသွားဖို့အော်ပြောနေတဲ့ကိုကို့ရဲ့အသံကြားတာကြောင့် ကိုယ်ရှိန်သတ်ပြီး နောက်လှည့်ကာ ကိုကို့ကိုလျှာထုတ်ပြလိုက်သည်။ကိုကို့ကခေါင်းအားဘယ်ညာယမ်းကာပြုံးရင်း

"ကိုကို့ကိုပြောင်ပြမနေနဲ့...ယုန်ကအပြင်ရောက်နေပြီ"

ကိုကို့စကားကြောင့် နောက်လှည့်ကြည့်လိုက်တော့ ယုန်လေးကိုတောင်မတွေ့တော့။ကိုကို့ကိုကျောခိုင်းလိုက်ပြီး
အပြင်ထွက်သွားတဲ့ ယုန်လေးကိုသွားခေါ်ရန် ခြေလှမ်းတွေကို
ထွက်ပေါက်ဆီဦးတည်လိုက်သည်။

အပြင်ရောက်တာနဲ့ယုန်လေးကိုတန်းပြီးတွေ့မယ်ထင်ထားပေမဲ့ဘာကောင်မှမတွေ့ရတာကြောင့်Vaselလေးဘေးပတ်လည်ကိုဝေ့ဝဲကြည့်လိုက်တော့ ကျောခိုင်းပြီးရပ်နေတဲ့
ယောကျာ်းကြီးတစ်ယောက်က်ိုတွေ့လိုက်ရလေသည်။ကျောခိုင်းရပ်နေတဲ့ ယောကျာ်းကြီးရဲ့ အရပ်ကထန်းပင်ထက်တောင်မြင့်ရင်မြင့်နိုင်ပါသေးသည်။ကိုယ်လုံးကြီးကလည်းနည်းတာကြီးမဟုတ်ဘူး။

The little king of the vampireWhere stories live. Discover now