❤TLKOTV-6❤

2.9K 199 14
                                    

"Ba...Bbayဘာပြောလိုက်တာလဲ"

"ချစ်တာမို့လက်ထက်ကြမယ်လို့"

"ဟာ...Babyရယ်ချစ်လိုက်တာ"

VEEမယုံကြည်နိုင်ဖြစ်ကာအလွန်ပျော်သွားပြီးVaselလေးအားမကာ လေထဲတစ်ပတ်ပတ်လိုက်လေသည်။

"အားးးကိုကိုရေ၊ပြန်ချပေး။ပြုတ်ကျမယ်လို့"Vaselလလည်း သူ့ကိုကိုရဲ့ ပုခုံးအားပုတ်ကာ ပြောနေတော့သည်။

"ကိုယ်အရမ်းပျော်သွားလို့ပါကလေးရယ်။မနက်ဖြန်လက်ထက်ပွဲအကြီးကြီး လုပ်ပြီးလက်ထက်ကြမယ်နော်"

"ဒီနေ့ပဲလက်ထက်မယ်လေနော်....မနက်ဖြန်ဆိုရင်ကိုကို့အတွက် အချိန်မမှီမှာစိုးလို့"

"အော်..ဟုတ်သားပဲကိုကိုမေ့သွားတာကလေးရယ်။ခုမနက်၁၀နာရီပဲရှိသေးတာမလား။အချိန်မီလက်ထက်နိုင်အောင် ကိုယ်စီစဥ်လိုက်မယ်။ခုတော့ အိမ်ပေါ်တက်ရအောင် ဒီမှာအေးတယ်"

"ဟုတ်ကိုကို"

"ကိုကိုရေခဲမုန့်ကော"စံအိမ်ထဲရောက်တာနဲ့တန်းပြီး လက်လေးဖြန့်ကာ ရေခဲမုန့်တောင်းနေတဲ့ ကလေးပေါက်လေး။

"ကိုကိုကBabyလေးမစားတော့ဘူးထင်လို့။Diကိုကျွေးလိုက်ပြီ။ဘယ်လိုလုပ်မလဲ"

"မကျင့်ပုတ်ကြီး သူများကစားချင်လို့ကို အူးးးးဝါးးးး"

"ဟားးးဟားးးးမျက်ရည်လည်းမထွက်ပဲနဲ့ကွာ။အသည်းတွေယားလာပြီကိုက်စားမိတော့မယ်"

"ဟွန့်...စားရဲရင်စားလိုက်လေ။အစွယ်နှစ်ဖက်ကိုချိုးပလိုက်မှာဘာမှတ်.."

"Bbayလေးကိုယ့်ကိုနည်းနည်းလေးတောင်မကြိုက်ဘူးလား။ကိုယ်ကသွေးတွေလည်းသောက်တယ်။လူတွေကိုလည်းအားကြီးသတ်ခဲ့ဖူးတော့"

"ဟင့်အင်းးးးကိုကို့ကိုမကြောက်ပါဘူး။ဒါတွေကVampireတွေရဲ့သဘာဝပဲကို။Babyကလေ ကိုကို့ကိုချစ်တယ်ဆိုတာက ကိုကို့ရဲ့ရုပ်ရည်သွင်ပြင်ကိုပဲချစ်တာမှမဟုတ်တာ ကိုကို့ရဲ့အကျင့်စရိုက်အားလုံးကိုချစ်တာ။ကိုကို့ဘာသာ သွေးပဲသောက်သောက်ဘာကြီးပဲသောက်သောက် ကိုကိုကBabyရဲ့တစ်ဦးတည်းသောချစ်ရသူပဲ။ဘယ်တော့မှလဲကြောက်မှာမဟုတ်ဘူး"

The little king of the vampireWhere stories live. Discover now