❤️TLKOTV-31❤️

1.7K 75 13
                                    

Uni
.........

အချိန်တွေ တစ်ရွေ့ရွေ့ ပြောင်းလဲလာသည်နှင့်အမျှ
Vampireနှင့်လူသားကောင်လေးတို့၏ ချစ်ချင်း
မေတ္တာသည်လည်း တစ်စတစ်စ တိုးပွားလာခဲ့သည်။
ဒီနေ့လေးက VEEနှင့်Vaselလေးတို့၏ 1year anniversary‌နေ့လေးပင်ဖြစ်သည်။ထိုတစ်နှစ်ဆို
သည့်အချိန်ကာလအတွင်း ပျော်ရွှင်စရာ အမှတ်တရများလည်း တည်ရှိနေခဲ့သည်။

"တောင်.."

Vaselလေး ရေသောက်နေရင်း ဖုန်းထံမှ Telegram notiသံကြားလိုက်ရတာကြောင့် ရေ
ခွက်အားချပြီး ဂျူတီကုတ်အိတ်ကပ်ထဲက ဖုန်းအား
ထုတ်ကြည့်လိုက်သည်။

Telegramကိုဖွင့်လိုက်တော့"ကိုကို"ဆိုသည့် Contactလေးကြောင့် Vaselလေးပြုံးမိသွားသည်။ဒီနေ့အစည်းအဝေးရှိတယ်လို့ပြောပြီး စံအိမ်ကနေ သုတ်သုတ်ပြာပြာ ထွက်သွားတဲ့လူက စာပို့နေတယ်တဲ့
လေ။

-Baby ဂျူတီဆင်းချိန်နီးပြီလား-

-ကိုကိုကဘာလုပ်မို့လဲ-

-ကိုကို့ကိုစိတ်ဆိုးနေတာလား-

-မဆိုးဘူး မဆိုးဘူး ဟွန့်-

စာရိုက်တာတောင်"ဟွန့်"ဆိုသည့် စကားလုံးလေးအား
ထည့်သွင်းပြီး‌ ရေးထားသော Babyကို VEEတော်တော်လေးအသည်းယားနေပြီဖြစ်သည်။
အနားမှာသာရှိရင် နှုတ်ခမ်းလှလှလေးကို သိမ်းပိုက်
မိမည်ထင်၏။VEEသိတာပေါ့ မနက်က မနက်စာမစားပဲ ရုံးကိုသွားလိုက်တာကြောင့် ဒီကလေး
လေးကောက်စိန်လုပ်နေတယ်ဆိုတာ။

Vaselလေးက မနက်စာမစားလျှင် လုံးဝကိုမကြိုက်
ပေ။အလုပ်မအားလို့ တစ်ခါတလေ မစားမိရင်တောင်
မနက်စာမစားရင် ဘာဖြစ်တတ်တယ်ညာဖြစ်တတ်
တယ်ဆိုပြီး ဆရာဝန်လေးက တရားဟောတတ်သေးတာ။

-ကိုကိုရုံးရောက်တော့မနက်စာစားလိုက်‌တယ်Babyရဲ့ စိတ်မဆိုးနဲ့တော့နော်-

-ဒီနေ့ကရော ဘာနေ့လဲသိရဲ့လား-

-အင်း~~ဒီနေ့က လပြည့်နေ့လေ ဘာဖြစ်လို့လဲ-

-ကိုကိုအစုတ်ပလုတ် ကြက်သွန်ဖြူနဲ့ပေါက်ခံရပါစေ-

Vaselလေး၏ စာကြောင့် VEEအသံထွက်ပြီးပင်
အော်ရယ်မိသွားသည်။ရုံးခန်းထဲရှိ စာရင်းတွေလာပို့သည့် အလုပ်သမားတစ်ယောက်သည်လည်း ကြောင်တောင်တောင်ဖြင့် VEEအား မော့ကြည့်လာသည်။အကြည့်စူးစူးတစ်ချက်ပေးလိုက်
တော့မှ ဖိုင်အားချပြီး အခန်းပြင်ပြန်ထွက်သွားသည်။

The little king of the vampireWhere stories live. Discover now