❤TLKOTV-26❤

1.3K 118 26
                                    

Uni
.....

Vaselလေးကိုကို့ကိုတောင်းဆိုစရာရှိတာကြောင့်အဝတ်ကိုကျားလိုက်သလိုက်အမြန်လဲနေရလေသည်။

"ကလေးဆိုးလေး...ဘာတွေတောင်းဆိုချင်နေတာပါလိမ့် ခုတောင်ခုနှစ်မိနစ်ဖြစ်နေပြီ...ခုထိအရိပ်တောင်ပေါ်မလာသေးဘူး"

VEEအကျီ်လက်ကကျယ်သီးများအားတပ်နေရင်းနာရီအားကြည့်ကာတီးတိုးရေရွတ်မိသည်။

VEEသူ့ကလေးလေးဘာပဲလိုချင်ချင်ချက်ချင်းရအောင်လုပ်ပေးနိုင်ပေမဲ့ Babyလေးရဲ့စိတ်ထဲမှာ"ငါကကိုကို့ကိုပဲအမြဲမှီခိုနေရတယ်"ဆိုတဲ့စိတ်လေးဝင်သွားမှာစိုးရိမ်မိတာကြောင့် ယှဥ်ပြိုင်တဲ့ပုံစံလေးလုပ်ပြီး သူ့ကလေးလေးလိုချင်သမျှကို မသိမသာ ဖြည့်ဆည်းပေးသည်။အဲ့တာမှ ငါနိုင်လို့ငါရတာ ဆိုတဲ့အတွေးလေးတွေးမှာ....ပြိုင်ပွဲတိုင်းမှာတော့အနိုင်ရသူလေးကBabyပဲပေါ့...

*Babyလေးအတွက်သာဆိုအသက်တောင်ပေးနိုင်တာမို့
အရှုံးပေးတာလောက်ကတော့ကိုကို့အတွက်ပါမွှားပဲ*

"ကိုကို...Babyပြီးပြီ..အချိန်မှီတယ်မလား"

အခန်းထဲကအပြေးထွက်လာပြီးစိတ်အားထက်သန်နေတဲ့အကြည့်လေးနဲ့မေးနေတော့ဟောဒီ့ကလူကြီးကဘယ်လိုလုပ်မနိုင်ဘူးလို့ပြောနိုင်မှာလဲ...

*ဒီကလေးလေးဘာကိုများတောင်းဆိုချင်နေတာပါလိမ့်*

"ကိုကို့ကလေးလေးနိုင်သွားပါတယ်ဗျာ..."

"ရေး...Babyပြောသားပဲနိုင်မှာပါလို့...ဂတိအတိုင်းပဲနော်
Babyလိုချင်တာလုပ်ပေး"

"ဟုတ်ပါပြီကွာ..ခုတော့ကိုကို့ကိုကြယ်သီးလေးတွေပြင်ပေးခွင့်ပေးပါဦး"

"ဟီး...အမြန်လုပ်နေတာနဲ့ကြယ်သီးတွေလွဲကုန်တာ"

"နိုင်ချင်စိတ်ပြင်းပြနေလိုက်တာလူဆိုးလေး"

VEEခေါင်းငုံ့လိုက်ပြီးသူ့ကလေးလေးရဲ့နှာခေါင်းလုံးလုံးအေးအားသူ့နှာခေါင်းဖြင့်တို့ထိပြီးကြည်စယ်နေသည်။နှာခေါင်းလုံးလုံးလေးအားစိတ်ကြိုက်တို့ထိလို့ဝမှကြယ်သီးတွေအားပြင်တပ်ပေးရန်တစ်လုံးချင်းစီပြန်ဖြုတ်ပေးသည်။

The little king of the vampireWhere stories live. Discover now