❤TLKOTV-19❤

1.5K 127 8
                                    

Uni
~~~
အခြွေအရံတွေဖြင့် Vampireနန်းတော်ထဲသို့ ပြန်ဝင်လာတဲ့VEEရဲ့အဖေ။သူသိလေမလားသတင်းဆိုးကသူ့ကိုစောင့်နေတယ်ဆိုတာ

"မိန်းမဘာလို့နန်းတော်ဝမှာရပ်နေရတာလဲ...မျက်နှာကလည်းချောင်ကျသွားလိုက်တာဘာဖြစ်လို့လဲ"

"ယောကျာ်း..ယောကျာ်း..ကျွန်မတို့ရဲ့သားလေး..ဟင့်..ဟင့်.."

VEEရဲ့အမေလည်းသူ့ယောကျာ်းကိုတွေ့တာနဲ့ဖက်ပြီးထိန်းထားသမျှတွေကိုလွှတ်ချလိုက်တော့သည်။

"ကိုယ်တို့သားလေးဘာဖြစ်လို့လဲကွာ..မြန်မြန်ပြောပါရင်တွေပူလိုက်တာကွာ"

VEEအဖေရဲ့အသံသည်လည်းတုန်ရီလာရသည်။

"ကြက်သွန်ဖြူစားမိလိုက်တယ်တဲ့ရှင်...ခုသားလေးမှာအားတစ်စက်မှတောင်မရှိတော့ဘူး...တစ်ကိုယ်လုံးမှာလည်းအနာတွေနဲ့..ကျွန်မသားလေးကိုကယ်ပါဦး...အီး..ဟီး"

"မငိုနဲ့နော်..ကိုယ်အဆင်ပြေအောင်လုပ်ပေးမှာမို့..အခုသားကသူ့အခန်းထဲမှာလား"

"ဟုတ်တယ်Vaselလေးပါရှိတယ်"

"အဲ့ကိုသွားကြတာပေါ့"

VEEရဲ့အခန်းဆီသို့လင်မယားနှစ်ယောက်အပြေးတစ်ပိုင်းဖြင့်လျှောက်လာခဲ့ကြသည်။

"ဒေါက်..ဒေါက်..ဒေါက်"

Vaselလေးသူ့ကိုကိုခံစားနေရတာကိုကြည့်ပြီးရင်ကွဲမတတ်ညလုံးပေါက်ငိုကြွေးနေရင်းတံခါးခေါက်သံကြားတာကြောင့်တံခါးသွားဖွင့်ပေးလိုက်သည်။

"ဖေဖေ..!!..ဖေဖေ..!!ကိုကို့ကိုကယ်ပါဦး...အားလုံးကသားအမှားပါ..သားသာအတင်းမကျွေးရင်အဲ့လိုတွေဖြစ်မှာမဟုတ်ဘူး...အီး..ဟီး...ဟင့်..ဟင့်...ဖေဖေကယ်ပါဦး..ကိုကို့ကို"

VEEရဲ့အဖေကိုမြင်တော့သူ့ကိုကိုအားကယ်ပေးရန်တောင်းဆိုနေသည်မှာစိတ်မနှံ့သည့်အရူးသဖွယ်...

"ကလေးရယ်...စိတ်လျှော့ပါကွယ်...တစ်ညလုံးငိုနေတာလား...မျက်လုံးတွေဖောင်းအစ်နေတာပဲ..ခဏလောက်ဖြစ်ဖြစ်နားလိုက်ပါနော်"

"သားဘယ်လိုလုပ်နားနိုင်မှာလဲ..အားလုံးက..အင့်...သားကြောင့်ဖြစ်ရတာ..အင့်..အင့်.."

The little king of the vampireWhere stories live. Discover now