❤TLKOTV-5❤

2.9K 229 6
                                    

"အင်းးးးးးး"Vaselလေး ညည်းညူပြီးထလာလေသည်။

"ဟင်!!ကိုကိုကော...ကိုကိုရေ..!"နိုးလာတော့ ဘေးကိုစမ်းကြည့်ရင်း သူ့ကိုကိုမရှိတာကြောင့် စိုးရိမ်တကြီး အော်ခေါ်နေတော့သည်။

"ရှင်သခင်လေး...သခင်ကြီးက စံအိမ်တော်ရဲ့ ခေါင်မိုးပေါ်မှာပါ။ရှင်သခင်လေးကို နားဖို့ပြောခိုင်းထားပါတယ်"Diလည်းရှင်သခင်လေးအော်သံကြေားတော့ ဝင်လာပြီး ပြောလေသည်။

"ကျွန်တော်အဲ့ကိုသွားချင်လို့လိုက်ပို့ပါလား"

"မရပါဘူး...သခင်ကြီးက နားဖို့ပြောထားလို့ပါ။"

"ဘာမှမဖြစ်ပါဘူး။ခုကောင်းနေပြီပဲ နော်....လိုက်ပို့ပါနော်။"

"ဒါပေမဲ့...."

"ဒီမှာကြည့် လက်ကောက်ဝတ်မှာ ဘာဒဏ်ရာမှမရှိတော့ဘူးတွေ့လား ကိုကို့ဆီလိုက်ပို့ပါ"

"ဟင်းးးးကျွန်တော့်နောက်လိုက်ခဲ့ပေးပါ ရှင်သခင်လေး"

"အင်းးး"ဟုပြောကာ Diနောက်ကို လိုက်သွားလေသည်။

"ရှင်သခင်လေး...ဒီလှေကားထစ်အတိုင်း တက်သွားပါနော်။အပေါ်မှာသခင်ကြီးရှိတယ်။ကျွန်တော့်ကို ခွင့်ပြုပါဦး"

"အင်းးးးးး"

Vaselလေး အပေါ်ကိုတပ်သွားတော့ သူ့ရဲ့ကိုကိုသည် အမည်းရောင် ဝတ်ရုံရှည်အားဝတ်ဆင်ထားတာကြောင့် ထိုဝတ်ရုံစသည် လေထဲတလွင့်လွင့်။ဝရံတာလက်ရန်းကိုကိုင်ကာ အပြင်တစ်နေရာတစ်ခုသို့ကြည့်နေ ပြီး ကျောပေးကာရပ်နေတယ်။

"ကိုကို!!!"Vaselလေးလည်း နောက်မှ ကိုကိုဟာခေါ်ကာ လန့်သွားစေရန်စလိုက်လေသည်။

"ဟင်...Baby" VEEလည်း ကျနေသော မျက်ရည်များအား ကဗျာကယာသုတ်လိုက်ပြီး ပြန်ထူးလေသည်။

"ကိုကို!ငိုနေတာလား....ဟုတ်လား...ဘယ်နားနာလို့လဲဟင်"

"မဟုတ်ပါဘူး Babyလေးရဲ့။လာပါဦး...ခဏလောက်ဖက်ပရစေဦး"

"....."Vaselလေးလည်း သူ့ကိုကိုရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းပူဆွေးနေတဲ့ အငွေ့အသက်တွေတွေ့တာကြောင့် မရုမ်းမိ။

"Babyလေးကို ကိုကိုစောစောတွေ့ခဲ့သင့်တယ်။"

VEEလည်းဖက်ထားတာကို လွှတ်လိုက်ပြီး ပြောလိုက်လေသည်။

The little king of the vampireWhere stories live. Discover now