❤TLKOTV-23❤

1.4K 118 31
                                    

Uni
......

VEEကသူ့Babyလေးသူ့ကိုမြင်သွားမှာစိုးလို့ပြေးနိုင်သလောက်အလျှင်အမြန်ပြေးပြီး တောနက်ထဲရောက်တော့လူပုံစံပြန်ပြောင်းကာ သစ်ပင်တစ်ပင်ပေါ်တက်နေလိုက်သည်။သစ်ပင်ကတော်တော်လေးမြင့်တာကြောင့် တောအုပ်တစ်ခုလုံးကိုတောင်ခြုံပြီးမြင်နေရသည်။VEEတစ်ယောက်သူ့Babyလေးကိုကျောခိုင်းခဲ့ရလို့ကြေကွဲကာအဝေးတစ်နေရာကိုသာစိုက်ကြည့်နေခဲ့သည်။

"Babyကိုကို့ရဲ့ဆုံးဖြတ်ချက်တွေမှားနေပြီလား...ကိုကိုBabyကိုကျောခိုင်းရတာလောက်ရင်နာရတာမရှိဘူးကလေးငယ်ရယ်"

"ဗလက်...ဗလက်...ဗလက်"

VEEကောင်းကင်ပေါ်ကကြယ်လေးတွေကိုVaselလေးပုံမရရအောင်ဖော်ပြီးစကားပြောနေတုန်းလင်းနို့တစ်ကောင်ကသစ်ပင်ပေါ်လာနားလေသည်။

"ရာရာစစ!ဘယ်ကသတ္တိတွေနဲ့ငါနေတဲ့နေရာကိုလာနေရဲတာလဲ"

VEEနဂိုတည်းကVaselလေးကိုကျော်ခိုင်းခဲ့ရလို့စိတ်နှောက်နေရတဲ့အထဲလာနှောင့်ယှက်နေတဲ့လင်းနို့ကြောင့်ပိုစိတ်နောက်ကာအော်ပြီးမေးလိုက်လေသည်။

"တောင်းပန်ပါတယ်ဘုရင်ကြီး...ဘုရင်လေးကိုတောထဲမှာတွေ့လိုက်တဲ့အကြောင်းလာပြောတာပါ"

အစေခံလင်းနို့လည်းလူပုံစံချက်ချင်းပြောင်းကာVEEရှေ့မုဆိုးဒူးထောက်ထိုင်ပြီးခေါင်းငုံ့ရင်းVaselလေးကိုတွေ့ခဲ့ကြောင်းပြောလာလေသည်။

"ဘယ်လို...သေချာပြောစမ်း"

VEEတော်တော်လေးစိတ်ပူသွားတာကြောင့်အစခံအားသေချာပြောရန်ပြောလိုက်သည်။

"Vampireတစ်ကောင်နဲ့နှောင်းညို့ချောက်ကမ်းပါးပေါ်မှာညစာစားနေတာကိုတွေ့လို့ကျွန်တော်လည်းဘယ်သူလဲသိချင်တာနဲ့မှောင်ရိပ်ခိုပြီးကြည့်ကြည့်တော့ အဲ့Vampireကဘုရင်ကြီးနဲ့အရမ်းတူနေတယ်...သူ့ရဲ့လည်ပင်းရဲ့ကုတ်ရာကိုသာမတွေ့ရရင်ကျွန်တော်ဘုရင်ကြီးလို့ပဲထင်မိမှာ"

"တောက်!!ခွေးသတောင်းစားElic...အဲ့ကောင်ခုဘယ်မှာလဲ...Babyကိုသူထိခိုက်အောင်လုပ်လိမ့်မယ်..အဲ့ကောင်ရှိတဲ့နေရာကိုငါအချိန်မှီရောက်အောင်သွားရမယ်"

The little king of the vampireWhere stories live. Discover now