❤TLKOTV-15❤

1.6K 162 21
                                    

Uni

~~~
"ဒါလင်တို့စံအိမ်ကအစေခံတွေထဲမှာသူကနုယွနေတာပဲနော်။ဒီပုံစံနဲ့အလုပ်တွေဘယ်လိုလုပ်နေလဲ"

"အဲ့တာကျွန်တော့ကိစ္စပါ။အမနဲ့ဆိုင်လား"

"တောက်!!!နင်ငါ့ကိုဘယ်လိုခေါ်နေတာလဲ။သခင်မလို့ခေါ်စမ်း"

"မခေါ်နိုင်ပါဘူး ကျွန်တော်က သခင့်တစ်ယောက်တည်းရဲ့အလုပ်သမားမို့ မခေါ်နိုင်ဘူး"

"ဒါလင်...ကြည့်ဦးဟန်နီ့စကားကိုနားမထောင်ဘူး"

"ကောင်လေး ဟန်နီ့ကိုသခင်မလို့ခေါ်လိုက်"

"မခေါ်နိုင်ဘူး ကို.အယ်.သခင်.."Vaselလေးအတွက်တော့ ကိုကို့ကိုသာသခင်ဟုခေါ်နိုင်မည်။ကျန်တဲ့သူကိုတော့မခေါ်နိုင်ပါ။

"မင်းကိုခေါ်ဖို့ပြောနေတယ်လေ ဒါငါ့အမိန့်ပဲ"

"ကျွန်တော်သူ့ကိုအဲ့လိုခေါ်လိုက်ရင်သခင်စိတ်ချမ်းသာမှာလား"

"ဒါပေါ့"

"ကျွန်တော်ခေါ်ပါ့မယ်...သ ခင် မ"

*ကိုကိုစိတ်ချမ်းသာမယ်ဆိုBabyဘာပဲလုပ်ရလုပ်ရပါ*

"ဟက်...ဒီလိုမှပေါ့ ဒါလင် ဟန်နီ စျေးဝယ်ထွက်ချင်လို့။ကုန်တိုက်သွားချင်လို့ လိုက်ပို့ပေးပါလား"

"အင်းးးးသွားမယ်"VEEရဲ့စကားပြောဟန်သည်စက်ရုပ်ကြီးပမာခံစားချက်မဲ့လွန်း၏။သူ့စိတ်ထဲကပြောချင်တာတွေမှမဟုတ်ပဲလေ။

"ဟဲ့...အစေခံနင်ပါလိုက်ခဲ့။ငါဝယ်မှာတွေကအများကြီးပဲ နင်အထုတ်လိုက်သယ်"Mafiသည် Vaselလေးအား လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"ဒါပေမဲ့...."Diပြောလို့ပင်မဆုံးလိုက်

"လိုက်ခဲ့ပါ့မယ်...အကိုDiပါရင်"

"ရတယ်လေ...မင်းပါလိုက်ခဲ့...သွားကြမယ်ဒါလင်"ဟုပြောကာ ကားရှိရာသို့သွားလေသည်။

"Diကားမောင်းလိုက်။ငါနောက်မှာထိုင်လိုက်"

"ဟုတ်ကဲ့သခင်ကြီး.."ဟုပြောကာ ကားမောင်းသူနေရာမှာထိုင်လိုက်သည်။

"အကိုDiဘေးမှာထိုင်မယ်နော်"ဟုပြောကာ ကားတံခါးအားဆွဲဖွင့်လိုက်တော့ လက်တစ်စုံက ကားတံခါးအားပြန်ပိတ်လိုက်လေသည်။

The little king of the vampireWhere stories live. Discover now