❤TLKOTV-9❤

2.4K 160 14
                                    

"ကိုကို..ဒီနေ့...အရမ်းပျော်တာပဲသိလား။Babyလေးကိုကိုယ့်အပိုင်အဖြစ်သတ်မှတ်လိုက်နိုင်ပြီ။"

"အင်း....Babyလည်းပျော်တယ်..ဟီးးး"

"Babyလေးစိတ်ချနော်..ကိုကိုBabyလေးကိုကာကွယ်ပေးမယ်..ဘယ်လိုအန္တာရယ်တွေပဲကြုံကြုံ ကိုကိုတို့တူတူဖျက်ကျော်ကြမယ်နော်။ကိုကို့လက်ကိုဘယ်တော့မှမလွှတ်လိုက်နဲ့။"

"အင်းးးးကိုကို့လက်ကိုဒီလိုဆုပ်ကိုင်ထားမှာ အမြဲတမ်း"ဟုပြောကာ VEEရဲ့လက်အား သူ့ရဲ့လက်သေးသေးလေးဖြင့်ဆုပ်ကိုင်လိုက်လေသည်။

"အရမ်းချစ်တယ်Baby"

Vaselလေးရဲ့နဗူးလေးအား အနမ်းခြွေလိုက်လေသည်။Vaselလေးကလည်း ရှက်ပြုံးလေးဖြင့် ပြုံးနေလေရဲ့။

ထိုမြင်ကွင်းကို အဝေးတစ်နေရာကနေ မျက်ရည်များဝဲကာ ရင်နာနာဖြင့်ပြုံးနေရင်းကြည့်နေသောDiဆိုတဲ့ကောင်လေးလည်းရှိနေလေရဲ့။

"အ့....!"

"အာ..ဆောတီးနော်။အမှောင်ထဲမှာဆိုတော့မမြင်ရလို့။အကိုကဘယ်သူလဲ ဒီမှာဘာလုပ်နေတာလဲ"

"မင်းနဲ့ဆိုင်လား"

လှည့်လာသော ကြည်လင်တောက်ပနေတဲ့မျက်နှာလေးတစ်ခု ဒါပေမဲ့ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့။

"ကျွန်တော့်နမည်က အာကာရှိန်းပါ။ကျွန်တော့်သူငယ်ချင်းကိုပြန်တော့မို့လာနှုတ်ဆက်တာ"

"မင်းရဲ့သူငယ်ချင်းက အကိုလေးတံခွန်လား"

"ကြယ်နဲ့သိလို့လား"

"မင်း အကိုလေးကိုကြယ်လို့မခေါ်နဲ့။ငါ့သခင်ကြီးမကြိုက်ဘူး"

"သခင်ကြီးဆိုတာ တံခွန်ကြယ်ရဲ့ဘဲကြီးကိုပြောတာလား"

"မင်း ငါ့ရဲ့သခင်ကို မလေးမစားမလုပ်နဲ့"

"ကိုကိုကစိတ်ဆိုးနေတာချစ်စရာလေး"ရှိန်းလည်း သူ့အားရန်တွေ့နေသော ရှေ့ကလူကြီးအား အသည်းယားလာသည်။

"ဒီမှာ..စကားပြောဆင်ခြင်"

"ဟင်..ကိုကိုကလည်း ချစ်ဖို့ကောင်းလို့ကောင်းတယ်ပြောတာကို စိတ်ကြီးပဲ"

The little king of the vampireWhere stories live. Discover now