❤TLKOTV-28❤

1.4K 100 32
                                    

Uni
......

VEEသူ့ကလေးလေးစံအိမ်ကိုပြန်ချင်နေပြီဆိုတာသိတာကြောင့် ဖေဖေနဲ့မေမေ့ကိုနှုတ်ဆက်ပြီး မြို့ကစံအိမ်ကိုပြန်လာ
ခဲ့ကြသည်။VEEနန်းတော်မှာအချိန်ကြာကြာထိနေချင်သေး
ပေမဲ့လည်းသူ့အချစ်ကလေးကနန်းတော်မှာနေရတာနေသားမကျသေးတဲ့ ပုံပေါ်နေတာကြောင့် စံအိမ်ကိုပြန်ရန်သာ ဆုံးဖြတ်ချက်ချခဲ့သည်။ကိုယ့်ပျော်ရွှင်မှုထက် အချစ်ကလေးရဲ့ပျော်ရွှင်မှုကိုပိုပြီးလိုလားပါသည်။

"ကိုကို"

တောလမ်းတွေဖြစ်လို့VEEကားကိုသေချာဂရုတစိုက်မောင်းနေတုန်းBabyရဲ့ခေါ်သံကြားတာကြောင့် ပြောဆိုတဲ့သဘောဖြင့်မေးဆက်ပြလိုက်လေသည်။

"ကိုကိုBabyခေါ်နေတယ်လေ"

"အင်း သိတယ်လေ Babyဘာပြောမို့လဲ"

VEEကVaselလေးကိုမကြည့်ပဲရှေ့ကိုပဲကြည့်ပြီးစကား
ပြန်ပြောနေတာကြောင့် Vaselလေးနည်းနည်းတင်းသွား
လေသည်။

"ကိုကိုကဘာလို့Babyကိုမကြည့်တာလဲ ဘာလဲ ဒီယုန်လေးကိုခေါ်လာလို့စိတ်ကောက်နေတာလား"

ရင်ခွင်ထဲမှာပိုက်ထားတဲ့ယုန်လေးကိုငုံ့ကြည့်ရင်းမေးလိုက်လေသည်။ယုန်ပျော်ဥယျာဥ်မှာတုန်းက ယုန်မမွေးရရင် ပြိုတော့မဲ့မိုးလိုဖြစ်နေတဲ့Babyကြောင့် ယုန်တစ်ကောင် မွေးရန် VEEလက်မခံချင်ပဲလက်ခံလိုက်ရသည်။

အမှန်တော့VEEသူ့ကလေးလေးကိုလှည့်ကြည့်ပြီးစကားပြန်မပြောတာကယုန်မွေးတဲ့ကိစ္စကြောင့်မဟုတ်ပေ။ခုVEEမောင်းနေရတဲ့လမ်းကမြို့ပေါ်ကလိုဖြောင့်ဖြူးတဲ့
လမ်းမဟုတ်။ချောက်ကမ်းပါးဘေးက လမ်းကျဥ်းကျဥ်းလေးမှာမောင်းနေရတာကြောင့် သတိတစ်ချက်လွတ်သွားတာနဲ့ အန္တရာယ်ကြုံနိုင်တာမို့ ဂရုတစိုက်မောင်းနေရခြင်းဖြစ်သည်။အဲ့တာကို ဦးနှောက်သေးသေးလေးနဲ့တွေးချင်ရာတွေးနေတဲ့Babyလေးကိုစချင်စိတ်ပေါက်လာလေသည်။

"အင်းဟုတ်တယ်Babyကကိုကို့ထက်အဲ့ယုန်ကိုပိုချစ်နေတာလေ"

"ဟာ အဲ့လိုဟုတ်ပါဘူးဆို Babyကကိုကို့ကိုအချစ်ဆုံးလေ"

"အဲ့တာဆိုဘာလို့ယုန်ကိုရင်ခွင်ထဲပိုက်ထားတာလဲ ဘေးကိုချထားလို့လည်းရတယ်လေ"

The little king of the vampireWhere stories live. Discover now