❤TLKOV-12❤

2K 146 2
                                    

Uni
~~~~~~

"ပွမ်..ပွမ်.."

Diတစ်ယောက်နန်းတက်ပွဲသွားရင်ပြင်ဆင်နေတုန်း စံအိမ်ရှေ့ကကားဟွန်းသံကြားတာကြောင့် အောက်ထက်သို့ဆင်းလာလိုက်သည်။

"Hiကိုကို"အိမ်ရှေ့တံခါးဝတွင် စပ်ဖြီးဖြီးလုပ်ပြီး လက်ထောင်ပြလာသော ရှိန်းအားတွေ့ရသည်။

"ကျစ်..!မင်းကိုဘယ်သူအိမ်ထဲဝင်ခိုင်းတာလား"

"တံခါးစောင့်ဦးလေးကြီးလေ..အဲ့တာတွေထားလိုက်ပါ ကိုကိုကျွန်တော်ဗိုက်ဗိုက်ဆာဆာ"သူ့ဗိုက်အား ပွတ်ကာအမြင်ကပ်စရာကောင်းစွာလုပ်ပြနေသည်။

"မင်းဘာသာဆာတာငါကဘာလုပ်ရမှာလဲ။ဒါကစားသောက်ဆိုင်မဟုတ်ဘူး ပြန်တော့"

"ကိုကိုကလည်း ၔည့်သည်ကိုနှင်ထုတ်ရလား။ခေါက်ဆွဲပြုတ်ထုပ်ဝယ်လာတယ် ထည့်စားလို့ရလောက်မဲ့ အရွက်တွေရော။ကိုကိုလုပ်ကျွေး"

"မင်းလက်နှစ်ချောင်းကျိုးသွားမှလုပ်ပေးမယ်"

"တစ်ကယ်နော်ကိုကို"ဟုပြောကာ ဘေးတွင်တွေ့သော သံတိုင်အားကိုင်ကာ လက်တစ်ဖက်အား ရိုက်ရန်ရွယ်လိုက်စဥ်

"ကျစ်!!မင်းရူးနေတာလား။"Diစကားအဖြစ်ပြောလိုက်တာကို
အတည်လုပ်ရန်ပြင်နေသော ကောင်စုတ်ကြောင့် အစွမ်းနည်းနည်းသုံးကာ ရိုက်ရန်ရွယ်နေသော လက်အားရပ်တန့်စေသည်။

"ကိုကိုပဲကျိုးသွားမယ်ဆိုလုပ်ကျွေးမယ်ဆို"

"ဟင်းးးးငါမလုပ်တတ်ဘူး"

"အယ်ဟုတ်သားပဲ ကျွန်တော်မေ့သွားတာ။တူတူလုပ်ကြမယ်လေနော်"

"ပြီးရင်ပြန်မှာမလား"

"အင်းးးအင်းးးးကိုကို့လက်ရာလေးစားပြီးရင် တန်းပြန်မှာ"

"okမီးဖိုခန်းထဲလိုက်ခဲ့"

"ဟုတ် ဟုတ်"

မီးဖိုခန်းထဲရောက်တော့

"ဘာစလုပ်ရမှာလဲ"

"အိုးကိုမီးအပူပေးဖို့မီးဖွင့်လိုက်။အဲ့အိုးထဲကို ရေထဲထည့်လိုက်"

"အိုးကဘယ်မှာပါလိမ့်..အပေါ်အတန်းမှာလားမသိဘူး"ဟုပြောကာ အပေါ်တံခါးအားဖွင့်လိုက်တော့ သတိမထားမိတာကြောင့် နဖူးနှင့်တံခါးစောင့်မိလေသည်။

The little king of the vampireWhere stories live. Discover now