❤TLKOTV-30❤

1K 89 17
                                    

Uni
......

VEEတစ်ယောက် ရုံးကအလုပ်များကို အပျက်ဖြတ်ခဲ့ပြီး
သူ့ကလေးလေးဆီ ပြန်ရန် တက်ကြွသည့်ခြေလှမ်းတွေဖြင့်
ကားဆီထွက်လာခဲ့သည်။သူ့ကလေးလေးအတွက် မုန့်ဝယ်ခဲ့
ရန်လည်းမမေ့။စံအိမ်သို့ပြန်သည့်လမ်း၌ သူ့ကလေးလေး
သီချင်းညီးပြီး စက်ဘီးစီးနေတာ တွေ့တာကြောင့် ကားကို
အရှိန်လျှော့လိုက်ပြီး နောက်ကနေ တိတ်တိတ်လေးလိုက်လာ
ခဲ့သည်။

ကားမောင်းနေတုန်း ဘေးခုံ၌ ထား ထားသော ကိတ်မုန့်ဗူး
ပြုတ်ကျသွားတာကြောင့် ကားကိုရပ်ပြီး ကိတ်မုန့်ဗူးအား ပြန်
ကောက်တင်လိုက်သည်။အရှေ့ကိုကြည့်လိုက်တော့ ရပ်ထားတဲ့ စက်ဘီးပဲတွေ့တော့တာကြောင့် ရင်ထဲထိတ်ကနဲ။
ကားပေါ်က အလျှင်အမြန်ဆင်းပြီး လမ်းချိုးထဲကို ဝင်လိုက်
တော့ ယုန်ကိုပိုက်ပြီး စောင့်ကြောင့်လေးထိုင်နေတဲ့ သူ့ကလေးလေး။

ခွေးဟောင်သံကြားမှ သူ့ကလေးလေးဆီ ဦးတည်ပြီးပြေးလာ
သည့်ခွေးအားသတိထားမိသွားသည်။ခွေးဆီသို့ လေထက်မြန်
သည့် အလျှင်ဖြင့် ပြေးသွားပြီး အဝေးကိုတွန်းထုတ်လိုက်
သည်။ခွေးပိုင်ရှင်ဖြစ်ဟန် တူသည့် လူကလည်း လမ်းကြားထဲ
ကနေထွက်လာပြီး လွင့်သွားသည့် သူ့ခွေးဆီ ပြေးသွားသည်။

"ဟင်!ကိုကို"

စောင့်ကြောင့် ထိုင်နေတဲ့ ကိုယ်လုံးလုံးလေးအား ပွေ့ချီလိုက်
တော့ မျက်လုံးလေးပြူးပြီး မော့ကြည့်လာသည်။ဘယ်လောက် ကြောက်နေခဲ့လဲဆိုတာကို နီရဲနေသောမျက်နှာ
နှင့် တုန်ရီနေသည့် နှုတ်ခမ်းပါးတွေက သက်သေပြနေသည်။
လက်ထဲက ယုန်ကိုလည်း ခုထိပိုက်ထားတုန်း။
ဒီကလေး သူ့ထက်အဲ့ယုန်ကို ပိုချစ်နေတာတော့ မဟုတ်
လောက်ဘူးမလား။

"အကိုတို့ကိုလန့်သွားစေရင် တောင်းပန်ပါတယ်ဗျ"

ခွေးပိုင်ရှင်က သူ့၏ခွေးအား လည်ပတ်ကြိုးကနေကိုင်ထား
ပြီး VEEတို့အား လာတောင်းပန်သည်။VEEတွန်းထုတ်
လိုက်သည့်အားကများတာကြောင့် ကွန်ကရိလမ်းနဲ့ ပွတ်တိုက်
မိပြီး ခွေး၏ဘယ်လက်လည်း နည်းနည်းပွန်းသွားသည်ထင်
သည်။

"ခွေးမွေးထားရင် သေချာထိန်းသိမ်းရမယ်ဆိုတာမသိဘူး
လား ဟိုလူ့လိုက်ကိုက် ဒီလူ့လိုက်ကိုက်နေရင်တော့ အဆင်မ
ပြေဘူးလေ"

The little king of the vampireWhere stories live. Discover now