❤TLKOTV-25❤

1.6K 130 36
                                    

Uni
.....

"သေချာလို့လား..."

"သေချာပါတယ်Babyလေးရဲ့...ကိုကို့ကိုချစ်ရင်သောက်လိုက်နော်"

VEEခုံပေါ်ကသွေးခွက်ကိုယူလိုက်ပြီးVaselလေးလက်ထဲအတင်းထည့်ကာမရမကသောက်ခိုင်းနေတော့သည်။

"....."

Vaselလေးစဥ်းစားရတော်တော်ကြပ်နေလေသည်။ဘယ်လိုလုပ်သွေးကိုဒီတိုင်းကြီးသောက်နိုင်မှာလဲ...

"စိတ်ချပါBabyရဲ့...ဒါသောက်လိုက်လို့Babyလေးအန္တရာယ်မဖြစ်ပါဘူး...ကိုကို့ကိုယုံနော်"

"ကိုကို့ကိုယုံပါတယ်...ဒါပေမဲ့သွေးကိုဒီတိုင်းကြီးသောက်ရမှာက"

"ဒီသွေးကအချစ်စစ်ကြောင့်ရလာတဲ့သွေးမို့မညှီဘူးကလေးလေးရဲ့အရမ်းချိုနေမှာ..."

VEEသူ့ကလေးလေးသွေးသောက်ရမှာကိုအဆင်မပြေဖြစ်နေတာကြောင့်သွေးကမညှီကြောင်းသေချာရှင်းပြနေရသည်။

"အချစ်စစ်ကြောင့်ရလာတဲ့သွေး"

Vaselလေးနားမလည်တာကြောင့်လက်ထဲကသွေးခွက်ကိုကြည့်ရင်းကိုကိုပြောတဲ့စကားစုကိုသာပြန်ရေရွတ်မိသည်။

"အင်းဟုတ်တယ်Babyနဲ့ကိုကို့ရဲ့အချစ်စစ်ကြောင့်ရလာတာ...အဲ့တာကြောင့်သောက်လိုက်နော်"

"ဟုတ်.."

Vaselလေးမသောက်ရဲသောက်ရဲနဲ့ခွက်ကိုနှုတ်ခမ်းနားတေ့လိုက်ပြီးဘာအရသာရှိလဲစစ်ဆေးချင်တာကြောင့်လျှာလေးနဲ့အရင်ဆုံးတို့ထိကြည့်လိုက်သည်။

"အင်း~~ကိုကိုပြောတာမှန်တယ်ချိုနေတာပဲ"

အရသာသိသွားတော့မျက်လုံးလေးလဲ့လာပြီးခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ပြောနေလေသည်။

"ကိုကိုပြောသားပဲချိုပါတယ်လို့...ကုန်အောင်သောက်လိုက်နော်"

"ဟုတ်...ဟုတ်"

Vaselလေးသွေးခွက်ကိုကိုင်ပြီးမော့သောက်ပြစ်လိုက်တော့သည်။ဒီသွေးအရသာကလေဘာနဲ့မှကိုမတူတာချိုချိုမြမြလေး...

"သောက်လိုက်တာရင်ထဲအေးသွားတာပဲ...ဟီး"

VEEကိုခွက်ပြန်ပေးလိုက်ပြီးသူရင်ထဲအေးသွားကြောင်းပြုံးရွှင်ပြီးပြောပြနေလေသည်။

The little king of the vampireWhere stories live. Discover now