Final[Uni]

1K 43 6
                                    

Uni
.......

"ကိုကို Baby ကားမောင်းမယ် ကိုကိုကလိုက်စီးနော်"

"Babyရယ်ဖြစ်ပါ့မလား တစ်ခုခုဖြစ်နေမှဖြင့်"

"ဘာလဲ...ဘာလဲ ကိုကိုက Babyကို မယုံတာလား"

"မဟုတ်ပါဘူးကွာ ကိုကိုက..."

"တော်...တော် ဘာမှလာမပြောနေနဲ့ ခုကားပေါ်တက် Babyမောင်းမှာ ဟွန့်"

ကားမောင်းမည်ပဲ ဇွတ်ပြောနေသည့် ချစ်ရသူလေးကြောင့် ကားလက်ဆောင်ဝယ်ပေးမိသည့် ကိုယ့်ကိုယ်ကိုသာ VEE အပြစ်တင်နေမိသည်။ကားမောင်းတတ်သည်ဆိုတာကို သိသည်ကြောင့် ကားလက်ဆောင်ဝယ်ပေးမိပါသော်လည်း
စိတ်ပူနေရပြန်၏။ကားမောင်းသူနေရာ ဝင်ထိုင်ပြီး မိမိအား
လာရန် လက်ယက်ခေါ်နေသည့် Babyကြောင့် VEEလည်း
ဘေးတွင်ဝင်ထိုင်လိုက်သည်။

"မကြောက်ပါနဲ့ ကိုကိုရဲ့ Babyမောင်းတတ်ပါတယ် ဟီး"

"ဟုတ်ပါပြီဗျာ ကိုကို့ကိုကြည့်မနေနဲ့ ရှေ့ကိုသေချာကြည့်မောင်း"

"ဟုတ်"

ရွှန်းလဲ့နေသော မျက်လုံးလေးများဖြင့် စိတ်ကားထက်သန်စွာ
မောင်းနေသော Babyပုံစံသည် သူ့၏ လက်ဆောင်ကို အလွန်သဘောကျသည်ဟု ဖော်ပြနေသည်။တစ်နေရာရောက်
တော့ ကားလေး တုံ့ကနဲ ရပ်သွားလေ၏။အကြောင်းကတော့
မီးပွိုင့်ရှိနေသောကြောင့်ပင်။

"ကိုကို ကလေး မီးပွိုင့်ကိုဖြတ်မောင်းလိုက်ရမလား"

မီးပွိုင့်အားကြည့်ပြီး ပြောင်စပ်စပ်ရုပ်လေးဖြင့် လှမ်းစလိုက်နေသည့် Baby၏ ဆံနွယ်နုနုလေးများရှိရာ ခေါင်းလုံးလုံးလေးအား တစ်ချက် ဖွလိုက်ပြီး

"Babyလုပ်ရဲရင် ဖြတ်လေ"

"ဟီး လုပ်ရဲဘူး"

"ဟား...ဟား...ဟား လုပ်လည်းမလုပ်ရဲပဲနဲ့ ငကြောက်လေး"

VEEရယ်မောရင်း စနောက်လိုက်တော့ နှုတ်ခမ်းလေးဆူပြီး
VEE၏ လက်မောင်းအား ခပ်ဖွဖွထုရိုက်လာလေသူ။ထုရိုက်
နေသော လက်ကလေးအားယူပြီး အနမ်းခြွေမိတော့ မျက်စောင်းလေးထိုးပြီး မျက်နှာလွှဲသွား၏။သဘောတကျ ပြုံးလိုက်ရင်း ခေါင်းလုံးလုံးလေးအား ဆွဲဖွမိပြန်တော့သည်။

The little king of the vampireWhere stories live. Discover now