❤TLKOTV-29❤

906 81 6
                                    

Uni
........

အလွန်ကြမ်းတမ်းသည့် တောလမ်းကို သတိရှိရှိမောင်းနှင်ရင်း
နောက်ဆုံးတော့ စံအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့လေပြီ။တစ်လမ်းလုံး ကြက်တူရွေးလေးလို စကားတွေတတွတ်တွတ်ပြောနေတဲ့ ကလေးလေးလည်း မောသွားပြီထင်ပါရဲ့။ရင်ဘက်ပေါ်ခေါင်းလေးတင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာများ ကားနောက်ခန်းက ယုန်လေးနှင့်အပြိုင်အဆိုင်။

VEEရင်ဘက်ပေါ်ကားယားလေးအိပ်ပျော်နေတဲ့ကလေးလေး၏ခေါင်းလုံးလုံးလေးအားတစ်ချက်ငုံ့နမ်းလိုက်ပြီး ပိတ်ထားတဲ့တံခါးကို ကိုယ်ခံအားနည်းနည်းသုံးပြီး အလိုလိုပွင့်စေလိုက်သည်။ဟွန်းတီးပြီးခြံထဲကအလုပ်သမား
တစ်ယောက်ကိုဖွင့်ခိုင်းလို့ရပေမဲ့လည်း ဟွန်းတီးသံကြောင့် သူ့ကလေးလေးနိုးသွားမှာမလိုလားပေ။

VEEတို့ကား ခြံထဲဝင်လာတာနဲ့ ခြံထဲကအလုပ်သမားတွေ
အကုန်လုံး လုပ်လက်စတွေကိုခဏရပ်လိုက်ပြီး ဒူးထောက်ကာခေါင်းငုံ့အရိုအသေပေးကြသည်။အိပ်ပျော်နေတဲ့Babyအားခပ်ဖွဖွချီမရင်း ကားတံခါးဖွင့်ကာ
အပြင်ကိုထွက်လာလိုက်သည်။

ဒူးထောက်ခေါင်းငုံ့ပြီး အရိုအသေပေးနေကြတဲ့ လူတွေကိုတွေ့တော့ VEEတစ်ချက်ပြုံးမိသွားသည်။တစ်ခြားကြောင့်တော့မဟုတ် ကလေးလေးသာ ဒီမြင်ကွင်းကိုမြင်ရင် သူ့ကိုသေချာပေါက်
ဆူမယ်ဆိုတာကို တွေးမိသွားတာကြောင့်ဖြစ်သည်။

Vaselလေးကအလုပ်သမားတွေကိုခွဲခြားဆက်ဆံတာလုံးဝ
မကြိုက်တဲ့ကလေးလေး။VEEအလုပ်သမားတွေကို ဒူးထောက်ခိုင်းတာတွေ အော်ငေါက်နေတာတွေတွေ့ရင် အလုပ်သမားတွေဘက်ကနေမားမားမတ်မတ် ရပ်တည်ပြီး VEEကိုဆရာကြီးဂိုဏ်နဲ့ဆူနေကြ။

ကလေးကလေးကိုချီမရင်းနဲ့ပင်အပေါ်ထပ်အိပ်ခန်းဆီတက်လာခဲ့လေသည်။အိပ်ခန်းထဲရောက်တော့ ကုတင်ပေါ်လွှမ်းခြုံထားတဲ့အဖြူရောင်စောင်အား ဆွဲဖယ်လိုက်ပြီးVaselလေးအားကုတင်ပေါ်ညှင်ညှင်သာသာလေးတင်ပေးလိုက်သည်။ဝတ်ထားတဲ့ဖိနပ်လေးနဲ့ ခြေအိပ်လေးကိုတယုတယချွတ်ပေးပြီးမှအစောကဖယ်လိုက်တဲ့စောင်အဖြူလေးအား အပေါ်ကနေလွှားခြုံပေးလိုက်သည်။

The little king of the vampireWhere stories live. Discover now