❤TLKOTV-24❤

1.3K 126 31
                                    

Uni
........

"နည်းနည်းအားရှိသလိုခံစားလိုက်ရလားသား"

"ဟုတ်အဖေ"

VEEပါးစပ်မှာပေနေတဲ့ယုန်သွေးတွေကိုသုတ်ပြီးသူ့အဖေအားပြန်ပြောလိုက်လေသည်။

"ရော့ဒီသွေးခွက်ကိုယူသွားပြီးVaselလေးကိုတိုက်လိုက်နော်"

လက်ထဲကသွေးခွက်အားVEEဆီလွှဲပေးလိုက်ပြီးVaselလေးအားတိုက်ရန်ညွှန်ကြားလိုက်လေသည်။

"ဒါပေမဲ့..."

"ဘာဖြစ်လို့လဲသား"

သွေးခွက်ကိုယူရမလိုမယူရမလိုနဲ့တွန့်ဆုတ်နေတဲ့သားဖြစ်သူကြောင့်မေးလိုက်ရခြင်း

"Babyကိုသွေးမသောက်စေချင်လို့ပါ...babyကလူသားတစ်ယောက်လေ..သားသွေးကိုသောက်မိတယ်ဆိုပြီးစိတ်ဒဏ်ရာမရစေချင်ဘူး"

"အရမ်းကြီးအစိုးရိမ်မလွန်ပါနဲ့...Vaselလေးကောင်းဖို့လုပ်ပေးကြတာပဲမလား...ကလေးနားလည်မှာပါ...သွားကလေးကိုသွားတိုက်လိုက်တော့"

"ဟုတ်အဖေ...သွားခွင့်ပြုပါဦး"

VEEသူ့အဖေလက်ထဲကသွေးခွက်ကိုယူပြီးအရိုအသေပေးကာBabyလေးအခန်းဆီသို့

VEEအခန်းထဲရောက်တော့...Babyလေးကတော်တော်အိပ်မောကြနေတဲ့ပုံ...စောင်ပုံတွေကြားမှာခေါင်းလုံးလုံးလေးသာပေါ်နေပြီးတစ်ကိုယ်လုံးမြုပ်နေလေရဲ့..

*ဒီကလေးလေးဘယ်လိုတောင်အိပ်နေတာပါလိမ့်...အသက်ရှူကြပ်ပြီးတစ်ခုခုဖြစ်ရင်ရင်ကျိုးရချည်ရဲ့*

VEEသူ့ကလေးလေးအသက်ရှူကြပ်နေမှာစိုးလို့ကုတင်ပေါ်အသံမထွက်အောင်ဖြည်းဖြည်းလေးဘေးတစောင်းထိုင်လိုက်ပြီးမျက်နှာအုပ်နေတဲ့စောင်အားညှင်သာစွာဆွဲချပေးလိုက်တော့သည်။

"ဝါး....!!!!"

"ကလေးဆိုးလေးခုထိမအိပ်သေးတာလားဟုတ်လား"

စောင်ကိုဆွဲချလိုက်တော့စောင်ပုံထဲကနေမျက်လုံးလေးပြူးပြီးလက်ကလည်းကျားလက်သည်းကုတ်ထားတဲ့ပုံစံလုပ်ထားကာVEEကိုလန့်အောင်ခြောက်လန့်လိုက်တဲ့ကလေးလေး....အော်လိုက်တဲ့အသံလေးကလည်းလန့်ဖို့နေနေသာသာပြေးနမ်းချင်စရာလေး...

The little king of the vampireWhere stories live. Discover now