Chapter - 1

10.3K 509 9
                                    

Unicode

၉၃၇။ တစ်သက်တာသူငယ်ချင်း

တာဝန်တစ်ခုက သူမရဲ့ဝိဉာဉ်ကို တကယ်ကြီးသန်မာလာစေနိုင်တယ်ပေါ့? ဒါက သူမ အရင်ကတစ်ခါမှမကြုံဖူးတဲ့အရာပဲ။

နဉ်ရှု သူမရဲ့ခန္ဓာကိုယ်ကို ထိကြည့်လိုက်သည်။ ဒါက ဂျယ်လီတုံးလေးကိုထိနေရသလိုပဲ။ သူမရဲ့ဝိဉာဉ်က တကယ်ကြီးပိုသန်မာလာတယ်။

သူမ ရှုပ်ထွေးသွားရသည်မို့ 2333ကို မေးလိုက်မိသည်။

"ဘာလို့ ဒီကမ္ဘာမှာ ဝိဉာဉ်စွမ်းအား အများကြီးသုံးမိသလို မခံစားရတာလဲ? အရင်ကထက်တောင် ပိုသန်မာလာတယ်လို့ခံစားရတယ်။"

"ဝိဉာဉ်ကိုသန့်စင်တာကလည်း ကျင့်ကြံခြင်းတစ်မျိုးပဲ။ လူတစ်ယောက်ရဲ့ဝိဉာဉ်စွမ်းအက အရမ်းသန်မာတယ်။ အပြင်ကဆွဲဆောင်ဖျားယောင်းမှုတွေကို ခုခံနိုင်လောက်အောင်အထိသန်မာတာ။ ဒါက သန်မာပြီးဇွဲကောင်းအောင် လေ့ကျင့်ပေးနိုင်တာမျိုးပဲ။"

2333က ရှင်းပြသည်။

သူမက တာဝန်ထမ်းဆောင်သူတစ်ယောက်ဆိုပေမယ့် သူမသည်လည်း တွေးနဲ့စိတ်ခံစားချက်တွေရှိတဲ့လူသားတစ်ယောက်ပဲဆိုတာ နဉ်ရှု ရုတ်တရက်နားလည်သွားသည်။

ဒါက သူမတာဝန်ကမ္ဘာမှာတုန်းက ရှုခင်းတွေကြည့်ဖို့ခရီးပတ်သွားခဲ့လို့ဖြစ်နိုင်တယ်။ ဒါက သူမကို စိတ်လက်ပေါ့ပါးစေတာမို့ သူမ system spaceကိုပြန်ရောက်လာတော့ အရမ်းကြီးမပင်ပန်းတာပဲ။ အရင်ကနဲ့မတူဘဲ သူမ အိပ်ချင်စိတ်မရှိပေ။

အရင်ကဆို သူမ အမြဲတမ်း ရွံရှာသလို၊ ဒေါသထွက်သလိုခံစားရပေမယ့် ဒီတစ်ခေါက်တော့ အဲ့လိုမခံစားရ။

ဒါက နည်းလမ်းကောင်းပဲလို့ နဉ်ရှုတွေးလိုက်မိသည်။ တာဝန်ပြီးသွားရင် သူမ တာဝန်ကမ္ဘာမှာနည်းနည်းလောက်ထပ်နေပြီး လျှောက်သွားသင့်တယ်။ ဒါက သူမကိုအပန်းပြေစေရုံမကဘဲ အလုပ်အပ်နှံသူရဲ့နှလုံးသားကိုပါ ဖြည်းဖြည်းချင်းကုစားပေးလိမ့်မယ်။

အလုပ်အပ်နှံသူတွေအားလုံးမှာ နာကျင်ရတဲ့ဘဝတွေရှိတာမို့ သူတို့ရဲ့နှလုံးသားက အမုန်းတရားနဲ့နာကျင်မှုတွေပြည့်နေတယ်။ သူမသာ အလုပ်အပ်နှံသူ‌တွေ ဘဝသစ်စနိုင်အောင် အဲ့ခံစားချက်‌တစ်ချို့ကို အနည်ထိုင်အောင်ကူလုပ်ပေးနိုင်ရင် ကောင်းတာပဲလေ။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now