Chapter - 3

4.2K 421 0
                                    

Unicode

၉၃၉။ ရှေးခေတ်မြို့

နဉ်ရှုက ပုံရိပ်ယောင်နယ်မြေမှာ ခမ်းနားကြီးကျယ်ကာ ပန်းကန်ပြားပျံတွေနဲ့ပြည့်နေတဲ့ကောင်းကင်ကြီးရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာဖြစ်သည်။ တကယ်တမ်းမှာ ဒါကြီးက ရှေးခေတ်မြို့တစ်မြို့ဖြစ်နေလိမ့်မယ်လို့ သူမ တစ်ခါမှထင်မထားခဲ့ချေ။ သို့သော်လည်း မြို့ထဲမှာရှိနေတဲ့ တာဝန်ထမ်းဆောင်သူတွေအားလုံးကတော့ မတူညီတဲ့ဝတ်စုံပုံစံတွေကို ဝတ်ဆင်ထားကြသည်။

တစ်ချို့က T-shirt‌တွေနဲ့ ဘောင်းဘီတိုလေးတွေဝတ်ထားကြချိန်မှာ တစ်ချို့ကတော့ ရှေးခေတ်အဝတ်အစားတွေဝတ်ထားကြသည်။ တစ်ချို့က အနောက်တိုင်းဝတ်စုံတွေဝတ်ဆင်ထားကြပြီး တစ်ချို့က တိရိစ္ဆာန်သားရေတွေကိုပင် ဝတ်ဆင်ထားကြသည်...။

"ပြီးတော့ ဒါက အသက်ရှူမှားလောက်တဲ့နေရာဖြစ်လိမ့်မယ်လို့ ငါထင်နေတာ။"

နဉ်ရှုက 2333ကိုပြောသည်။

"...ဒီပုံရိပ်ယောင်နယ်မြေက ထာဝရတည်ရှိနေတာ။ ဒီနေရာက တာဝန်ထမ်းဆောင်သူတွေဆက်သွယ်ဖို့နေရာ၊ အပျော်ရှာဖို့နေရာမဟုတ်ဘူး။ အဲ့ရည်ရွယ်ချက်အတွက် ဒီရှေးခေတ်ပုံစံအဆောက်အအုံတွေက အသင့်တော်ဆုံးပဲ။"

2333ကပြောသည်။

နဥ်ရှုက သူမကိုဖြတ်လျှောက်သွားကြတဲ့ တာဝန်ထမ်းဆောင်သူတွေကိုကြည့်လိုက်သည်။ လူတွေ အများကြီးရှိနေသည်။ သူမက သက်ပြင်းဖွဖွချကာ မှတ်ချက်ချ၏။

"တာဝန်ထမ်းဆောင်သူတွေ တော်တော်များတာပဲ။"

"ဒါက များတယ်လား? အကန့်အသတ်မဲ့ကျယ်ပြောတဲ့ပင်လယ်ကမ္ဘာမှာဆို ဒီတာဝန်ထမ်းဆောင်သူတွေက သမုဒ္ဒရာကြီးထဲက ရေတစ်စက်လောက်ပဲရှိတာ။ အဲ့မှာ တာဝန်ထမ်းဆောင်သူတွေ ဘယ်တော့မှမလုံလောက်ဘူး။ အခြေခံအဆင့်တာဝန်ထမ်းဆောင်သူတွေဆို ကိစ္စအတော်များများကြောင့် ခဏခဏဆိုသလို ဖယ်ရှားခံရတယ်။ သူတို့က သင့်တော်တဲ့ဝိဉာဉ်ကိုရှာတာထက်ပိုမြန်တဲ့နှုန်းနဲ့ပျောက်ကွယ်ကုန်တာ။"

2333ကပြန်ဖြေသည်။

နဉ်ရှုက ရှုပ်ထွေးကာမေးလေ၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now