Chapter - 15

2.5K 447 8
                                    

Unicode

၉၅၁။ ခြင်တွေအများကြီးရှိနေလို့
________________

နဉ်ရှုမှာ ရှန့်ကွမ်းချင်းရော့ကို တကယ်ပင် ကာကွယ်ပေးချင်စိတ်မရှိသော်လည်း သူမရဲ့အဆင့်အတန်းကြောင့် သူမမှာ ငြင်းဆန်ခွင့်မရှိခဲ့။ သူမက ကိုယ်ပိုင်အတွေးအမြင်လုံးဝမရှိတဲ့ အသေခံစစ်သည်တစ်ယောက်သာဖြစ်သည်။

သူမ ဒီတာဝန်ကို ဘယ်လိုလုပ်သင့်လဲဆိုတာ နဉ်ရှု တွေးပြီးဖြစ်သည်။ သူမအနေဖြင့် ရွှမ်ဟုန်ယွီ့ကို သွားရှုပ်ဖို့မလို—ဘယ်လိုဖြစ်ဖြစ် သူမမှာ အဲ့လိုလုပ်နိုင်မယ့်အရည်အချင်းမှမရှိဘဲ။ ရွှမ်ဟုန်ယွီရှုံးသွားတဲ့အခါကျမှ သူမ သူ့ကိုသွားကယ်လိုက်မယ်။ သူ အသက်ရှင်နေသေးသရွေ့ ကိစ္စတွေအဆင်ပြေလောက်မှာပါ။

တစ်ခြားကိစ္စတွေကို စိတ်ပူနေဖို့မလိုဘူး။

နဉ်ရှု ပြိုင်ဘက်ကင်းသိုင်းပညာကို စတင်လေ့ကျင့်နေလိုက်သည်။

ညမှောင်လာတဲ့အခါ သူမက စားစရာရှာဖို့ စားဖိုဆောင်ထဲခိုးဝင်ပြီးမှ လေ့ကျင့်ဖို့ သစ်ကိုင်းဆီပြန်လာသည်။ သို့သော်လည်း အဲ့မှာ တကယ်ပဲ ခြင်တွေအများကြီးရှိနေသည်။

နဉ်ရှုက သူမပါးကို ရုတ်ချည်းရိုက်ချလိုက်ပြီး ခြင်တစ်ကောင်သတ်လိုက်သည်။ သူမက ခြင်ကိုက်ဖုတချို့ကိုကုတ်လိုက်ပြီးနောက် ‌စောစောတုန်းက ရွှမ်ဟုန်ယွီရဲ့ အဓိပ္ပာယ်ပါတဲ့အကြည့်ကို ပြန်တွေးလိုက်မိသည်။ သူမ မင်းသားအိမ်တော်ဆီ တစ်ခေါက်လောက်ပြန်သွားသင့်လား?

နဉ်ရှုက နံရံပေါ်မှခုန်ချကာ မင်းသားအိမ်တော်ဆီပြန်သွားလိုက်ပြီး ရွှမ်ဟုန်ယွီ့စာကြည့်ခန်းက အခုထိမီးလင်းနေသေးသည်ကိုတွေ့လိုက်ရ၏။

ခဏတာတုန့်ဆိုင်းနေပြီးနောက် နဉ်ရှု တံခါးခေါက်လိုက်သည်။ ရွှမ်ဟုန်ယွီရဲ့အေးစက်စက်အသံက အထဲကနေထွက်ပေါ်လာသည်။

"ဝင်ခဲ့။"

နဉ်ရှု တံခါးကိုတွန်းဖွင့်ကာဝင်သွားလိုက်သည်။ လက်ရှိအချိန်တွင် ရွှမ်ဟုန်ယွီက တစ်စုံတစ်ရာရေးနေသည်ကို သူမတွေ့လိုက်ရ၏။ မီးအိမ်တွေက သူ့ကိုအလင်းပေးနေသည်မို့ သူ့ကိုယ်က ဝိုးတဝါးအရောင်ဖြာနေသလိုထင်ရသည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now