Chapter - 16

2.4K 448 32
                                    

Unicode

၉၅၂။ ဓားနဲ့စာပေရတနာ‌လေးခုကိုကိုင်စွဲခြင်း
_______________

"ရှန့်ကွမ်းချင်းရော့ ဘယ်အချိန်‌ယောက်ျားလေးတွေနဲ့တွေ့တတ်လဲဆိုတာ သေချာအာရုံစိုက်။ သူ ဘယ်ယောက်ျားကိုဘာပြောတယ်၊ ဘယ်ယောက်ျားနဲ့ဘာလုပ်တယ်ဆိုတာ အကုန်တင်ပြ၊ နားလည်လား?"

ရွှမ်ဟုန်ယွီက နဉ်ရှုကို အေးစက်စွာကြည့်လာသည်။

"မင်း လုပ်နိုင်လား?"

သူမ မလုပ်နိုင်ဘူးလို့ပြောလိုက်ပါက ချက်ချင်းပင်သေတဲ့အထိအရိုက်ခံရမှာမှန်း နဉ်ရှုသိနေသည်မို့ ခေါင်းငြိမ့်ကာပြောလိုက်၏။

"ဒီငယ်သား ‌အားလုံးကို သေချာမှတ်သားထားပါ့မယ်။"

နဉ်ရှုမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင်မေးဖို့လိုနေသေးတယ်လို့ ခံစားနေရဆဲဖြစ်သည်။

"သခင်မလေးရှန့်ကွမ်းက သူ့အဖေရယ်၊ အိမ်‌တော်မှာရှိတဲ့အမျိုးသားအစေခံတွေရယ်နဲ့ စကားပြောရင်ရော? အဲ့ဒါတွေကိုလည်း မှတ်ထားရမှာလား?"

ရွှမ်ဟုန်ယွီက သူမရဲ့နားလည်နိုင်စွမ်းကို အတော်လေးမကျေမနပ်ဖြစ်နေပုံရကာ နဉ်ရှုကို အေးစက်စွာကြည့်လာ၏။

"‌ဘယ်ယောက်ျားနဲ့မဆို။"

နဉ်ရှု : ...

ပင်ပန်းလိုက်တာဟယ်။

ဒီလိုလူမျိုးက သေဖို့ပဲထားခဲ့သင့်တယ်။ သူ့ကို ကယ်လို့ ဘာအကျိုးရှိမှာတုန်း? ဒါက မလိုအပ်ဘဲအင်အားဖြုန်းတီးတာပဲ။

စောစောကသာ သိခဲ့ရင် ပြန်မလာပါဘူး။ ပြန်လာလိုက်တာနဲ့ သောက်ရမ်းများတဲ့အပိုတာဝန်တွေရသွားတယ်။

ရွှမ်ဟုန်ယွီက နဉ်ရှုဆီ စာအုပ်တစ်အုပ်ပစ်ပေးလာသည်။ နဉ်ရှု စာအုပ်ကိုဖွင့်ကြည့်လိုက်ပြီး စာအုပ်က စာရွက်လွတ်တွေနဲ့ပြည့်နေတာကို တွေ့လိုက်ရ၏။ ရွှမ်ဟုန်ယွီကပြောသည်။

"နောက်ပိုင်းကျရင် အားလုံးကို အဲ့ထဲမှတ်ထား။"

"နားလည်ပါပြီ။"

နဉ်ရှုမှာ ဒီတာဝန်ကိုလက်ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူနေသလို ဟန်ဆောင်နေရဆဲဖြစ်၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now