Chapter - 6

3.5K 461 4
                                    

Unicode

၉၄၂။ ခုခံတာ မှားသွားလား?
__________

"ညီမတို့သိသားပဲ! ဘယ်သူမှ အစ်မလက်ကမလွတ်မြောက်နိုင်ဘူး။ ညီမတို့ကို အစ်မရဲ့ပညာလေးနည်းနည်းလောက်သင်ပေးပါဦး!"

မိန်းကလေးနှစ်ယောက်က 'အစ်မဝေ'လို့ သူတို့ခေါ်တဲ့မိန်းကလေးကို လေးစားမှုတို့ဖြင့်ကြည့်နေကြသည်။

အစ်မဝေက အရေးမထားသလိုလက်ယမ်းကာ ဆို၏။

"ယောက်ျားတွေအားလုံးက မိန်းမတွေ သူတို့ကို နှစ်နှစ်ကာကာချစ်တာကို သဘောကျကြတယ်။ ယောက်ျားတွေဆိုတာ မိန်းမတစ်ယောက်က သူတို့ကိုအရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အခါကျ ဒါကို အသိအမှတ်ပြုမပေးနိုင်တဲ့ အဆင့်နိမ့်သတ္တဝါတွေပဲ။ ရိုးရိုး‌လေးပါ၊ ဖမ်းဆီးနိုင်ဖို့ လွှတ်ပေးရမယ်။ နင် သရုပ်ဆောင်နိုင်ပြီဆိုတာနဲ့ တစ်ဖက်လူက နင် သူ့ကို တကယ်ချစ်တယ်လို့ တွေးလာလိမ့်မယ်။"

"ယောက်ျားတွေလိုဟာမျိုးတွေကို စိတ်ထဲထားစရာမလိုဘူး။ သူတို့ကို ကွက်လပ်ဖြစ်နေတာကို ဖြည့်ဖို့ပဲသုံးနိုင်တာ။ ကမ္ဘာတိုင်းမှာ သူတို့ကို ထည်လဲတွဲလိုက်စမ်းပါ။ လောကကြီးမှာ ယောက်ျားတွေများလွန်းလို့မှ။ ဘာလို့ ယောက်ျားတွေက  မြင်းသိုးတွေလိုလုပ်ခွင့်ရပြီး မိန်းမတွေကျ လွတ်လွတ်လပ်လပ်နေလို့မရတာလဲ? မိန်းမတွေလည်း လွတ်လွတ်လပ်လပ်နေနိုင်တာပဲ။"

အစ်မဝေက သိမ်မွေ့စွာဆိုသည်။

နဉ်ရှုက သူမရဲ့စွပ်ပြုတ်ကို အပြီးသတ်ကာ ထွက်သွားဖို့ ထရပ်လိုက်သည်။ ဆိုင်ထဲကထွက်လာပြီးနောက် သူမက သက်ပြင်းခပ်လေးလေးချကာ မြို့ရဲ့တည်ဆောက်ပုံတွေကို ပိုနားလည်နိုင်အောင် မြို့ထဲလျှောက်ပတ်သွားနေတော့သည်။

စိတ်အခြေအနေသိပ်မကောင်းတာမို့ သူမ 2333ကိုပြောလိုက်သည်။

"ပြန်ရအောင်။"

"ကောင်းပြီ။"

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ system spaceဆီပြန်ရောက်လာသည်။ သူမမှာ မေးခွန်းတွေအများကြီးရှိနေတာမို့ သူမက 2333ကို မေးတော့သည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now