Chapter - 58

2.2K 403 12
                                    

Unicode

၉၉၄။ ဆေးသာသောက်စမ်းပါ
____________________

ရွှမ်ဟုန်ယွီက ခေါင်းစွပ်ကိုချွတ်လိုက်ပြီး ကြည့်ကောင်းလှတဲ့ဆံနွယ်တွေကို လှစ်ဟပြလာသည်။ သူ့မျက်နှာက ကြည့်မကောင်းလှပေမယ့်လည်း သူ့မျက်နှာသွင်ပြင်ကတော့ ကြည့်ကောင်းနေဆဲဖြစ်၏။ သူ့မှာ ကောင်းမွန်တဲ့အချိုးအစားရှိတာမို့ သူ့မျက်နှာက အနာတွေနဲ့ဖုံးနေတာတောင် အရမ်းကြီးရုပ်ဆိုးမနေပေ။

"မင်းက ဘာကြည့်နေတာလဲ? ဒီမှာ ဘယ်သူမှမရှိဘူးလေ၊ ပြီးတော့ ဒီခေါင်းစွပ်ကြီးဝတ်ထားဖို့က ပူလွန်းတယ်။"

ရွှမ်ဟုန်ယွီက စကားပြောရင်းဖြင့် သူ့ကိုသူ ခေါင်းစွပ်နဲ့ယပ်ခတ်နေသည်။

နဉ်ရှုက ဘာမှမပြောဘဲ ရွှမ်မြဲ့ရှောင်ကိုသာ ခြင်ကာကွယ်ပေးတဲ့ ဆေးရည်လိမ်းပေးနေလိုက်သည်။ ဒီမှာ ခြင်တွေအများကြီးရှိသည်။ သူမတို့ ‌ကွင်းပြင်ထဲမှာ ဘယ်လောက်ကြာအောင်စခန်းချရမယ်ဆိုတာ သူမ မသိပေ။

သို့သော်ငြား နဉ်ရှုမှာ ရွှမ်ဟုန်ယွီ့ကို နေရာအနှံ့ ဒီလိုဆက်ဆွဲခေါ်လာဖို့ကလွဲပြီး ရွေးစရာမရှိပါချေ။

တကယ်‌တော့ လျှောက်သွားနေတာကလည်း မဆိုးလှပေ။ သူမတို့တွေ ကောင်းကင်ကိုစောင်သဖွယ်၊ မြေကြီးကိုတဲသဖွယ်သဘောထားပြီး နေ,နေကြရချိန်မှာ နေရာပေါင်းစုံကိုမြင်ဖူးကြရပြီး ဒေသန္တရယဉ်ကျေးမှုဓလေ့မျိုးစုံကို သိကြရသည်။ ဒီလိုနေ့မျိုးတွေကလည်း အတော်လေးကောင်းမွန်လှပေသည်။

"အနောက်ပိုင်းဒေသမှာ အရည်အချင်းပြည့်ဝတဲ့ နတ်ဆေးသမားတော်တစ်ယောက်ရှိတယ်ဆိုတဲ့ကောလဟာလတွေကို ဒီငယ်သားသိခဲ့ရတယ် သခင်။ သူက သခင့်ရဲ့အနာကြီးရောဂါကို သေချာပေါက်ကုနိုင်မှာပါ သခင်။ အနောက်ပိုင်းဒေသကို သွားကြရအောင်။"

နဉ်ရှုကပြောသည်။

ရွှမ်ဟုန်ယွီ့ရဲ့ယပ်ခတ်နေမှုက ခဏမျှတုန့်ဆိုင်းသွားပြီးနောက် သူ့မျက်နှာထက်မှာ ဒေါသနည်းနည်းပေါ်လာသည်။

"ငါတို့ အနောက်ပိုင်းဒေသကိုရောက်တဲ့အခါ ဒီမင်းသား အသက်ရှင်နေဦးမယ်ဆိုတာ မင်း သေချာလို့လား?"

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now