Chapter - 59

2.3K 395 12
                                    

Unicode

၉၉၅။ နတ်ဆေးသမားတော်ကိုရှာဖွေခြင်း
___________________

အခုဆို မြို့တော်ကအခြေအနေ ဘယ်လိုများရှိပါလိမ့်? ဒီလောက်ကြာပြီးတဲ့နောက်မှာ ရွှမ်ရှောင်ထျန်းက ရွှမ်ဟုန်ယွီ့ကိုရှာနေတာကို လက်လျှော့လောက်ပြီလို့ နဉ်ရှုခံစားရသည်။ အဆုံးတော့လည်း တစ်နှစ်တောင်ပြည့်ကာနီးခဲ့ပြီလေ။

သူမတို့တွေ အနောက်ပိုင်းဒေသဆီရောက်ခဲ့ပြီဖြစ်၏။ သို့သော်ငြား အနောက်ပိုင်းဒေသက စကားစုံပြီး နတ်ဆေးသမားတော် ဘယ်မှာလဲဆိုတာ ဘယ်သူမှအတိအကျမသိချေ။

သို့သော်ငြား ရွှမ်ဟုန်ယွီက အလျင်မလိုပေ။ သူကတောင် အဲ့လောက်စိုးရိမ်မနေတာမို့ နဉ်ရှုက အားလပ်ချိန်တွေကို နတ်ဆေးသမားတော်အကြောင်းဖြည်းဖြည်းချင်းလျှောက်မေးတာနဲ့သာကုန်ဆုံးစေ၏။

နဉ်ရှုက ရွှမ်ဟုန်ယွီ့ကိုမေးသည်။

"ရှန့်ကွမ်းချင်းရော့ ဘာဖြစ်နေလဲဆိုတာ အခုထိ ‌သိချင်နေတုန်းလား သခင်?"

"ဒါပေါ့။"

ရွှမ်ဟုန်ယွီက တည့်တိုးပင်ဖြေသည်။

နဉ်ရှု : ...

သူမ မမေးလိုက်သင့်ဘူး။

"အခု ရှန့်ကွမ်းချင်းရော့နဲ့ရွှမ်ရှောင်ထျန်းတို့ ဘယ်လိုဖြစ်နေ‌လောက်တယ်လို့ မင်းထင်လဲ၊ ပြောပါဦး ဆယ့်တစ်။"

ရွှမ်ဟုန်ယွီက နဉ်ရှုနဲ့စကားစပြောလာသည်။

တိုင်းပြည်ရဲ့မိခင်က ဖြူစင်မှုပျောက်ဆုံးသွားပြီဆိုတဲ့ဂုဏ်သတင်းနဲ့အတွဲခံထားရတယ်။ ပျက်စီးနေတဲ့ဂုဏ်သတင်းနဲ့မိန်းမကို အတွင်းနန်းဆောင်ရဲ့သခင်မဖြစ်လာစေဖို့ အမတ်တွေ ခွင့်ပြုထားစရာအကြောင်းကိုမရှိဘူး။

ရှန့်ကွမ်းချင်းရော့ရဲ့အခြေအနေက သိပ်မကောင်းလောက်ဘူး။ ကိစ္စတွေက ရွှမ်ရှောင်ထျန်းတစ်ယောက် သူမအတွက်နဲ့ တစ်လောကလုံးရဲ့ဖိအားတွေကို မေ့ထားနိုင်မလားဆိုတာအပေါ် မူတည်နေတယ်။

လူတွေက လက်တွေ့ဘဝရဲ့တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှသာ အချစ်ဆိုတာမျိုးက ကြီးထွားရှင်သန်နိုင်တာ။ ဒါပေမယ့် ရက်စက်တဲ့လက်တွေ့ဘဝရဲ့အနိုင်ယူမှုကို မခံလိုက်ရတဲ့ချစ်ခြင်းတွေထက် ခဏခဏအနိုင်ယူတာကိုခံလိုက်ရတဲ့ချစ်ခြင်းတွေ အများကြီးပဲ။ တကယ်တော့ ရွှမ်ရှောင်ထျန်းက တိုင်းပြည်တစ်ခုရဲ့အရှင်သခင်။ သူသာ သူ့ရဲ့ဧကရာဇ်ဆိုတဲ့နေရာကိုကာကွယ်ချင်ရင် စွန့်လွှတ်မှုတချို့လုပ်ရမှာပဲ။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]حيث تعيش القصص. اكتشف الآن