Chapter - 38

2K 374 1
                                    

Unicode

၉၇၄။ ဝတ္တရားကျေပွန်တဲ့သား
______________

ဒေါသထွက်ဖို့ကောင်းလွန်းတယ်။ နဉ်ရှု သူမရဲ့ရင်ဘတ်ကိုထုလိုက်သည်။ သူမ ရွှမ်ဟုန်ယွီ့ကိုကယ်ရမယ်ဆိုရင်တောင် တချို့နည်းလမ်းတွေနဲ့သေချာပေါက်လက်စားချေဦးမှာ။ လီး၊ ဒီအတွက် ရွှမ်ဟုန်ယွီ့ကို ပေးဆပ်ရအောင်မလုပ်ရရင် သူမ ဒီဒေါသကို ဘယ်လိုမှခံနိုင်မှာမဟုတ်ဘူး။

ဆယ့်တစ်က ရွှမ်ဟုန်ယွီ့ကိုကယ်ဖို့ ဘာကြောင့် သူမရဲ့ဝိဉာဉ်ကိုပေးအပ်ခဲ့ရလဲဆိုတာ နဉ်ရှု တကယ်ကိုနားမလည်နိုင်ပါတော့ချေ။ ရွှမ်ဟုန်ယွီက သူမကို လူလိုမဆက်ဆံဘဲ သူမရဲ့အသက်ကိုလည်း နည်းနည်းလေးမှဂရုစိုက်တာမဟုတ်ဘူး။ သူက ဒီလိုဖြစ်နေတာကိုတောင် သူမက ဘာလို့ သူမရဲ့အသက်ကိုစွန့်စားပြီး ရွှမ်ဟုန်ယွီ့အတွက် ဖြည့်ဆည်းပေးဖို့ဆန္ဒရှိနေရတာလဲ?

ဒီလိုအရူးအမူးသစ္စာရှိမှုမျိုးကို နဉ်ရှု နားမလည်နိုင်ပါချေ။

သူမ မဖြေရှင်းနိုင်တာတွေနဲ့ကြုံရတဲ့အခါတိုင်း သူမက တကယ်ကိုနည်းနည်းလေးပဲသိတာပဲလို့ နဉ်ရှု သိလာရသည်။ သူမသာ ရုပ်ပြောင်းရုပ်လွှဲဘယ်လိုလုပ်ရမယ်ဆိုတာသိရင် မြို့တော်ကနေ လွယ်လွယ်လေးထွက်သွားနိုင်တယ်။ နောက်ပိုင်းကျရင် သူမ အများကြီးပိုသင်ယူဖို့ တကယ်လိုတယ်။ systemဈေးမှာ ရုပ်ပြောင်းဆေးတွေရှိရင်လည်း သူမ နည်းနည်းလောက်လဲသင့်တယ်။

ဒါပေမယ့် တစ်နေ့မှာ system‌ဈေးကပစ္စည်းတွေကို သုံးလို့မရတဲ့ တာဝန်တစ်ခုရခဲ့မယ်ဆိုရင်ရော? ဒါကြောင့်မို့ပဲ အရည်အချင်းတွေကို သူမဘာသာသင်ယူဖို့လိုနေတာပေါ့။ များများသင်နိုင်လေကောင်းလေပဲ။

အဲ့အရည်အချင်းတွေက သူမကို တာဝန်တွေကို လွယ်လွယ်‌ဖြေရှင်းလို့ရစေနိုင်ပြီး သူမအသက်ကိုတောင် ကယ်နိုင်လောက်တယ်။

နဉ်ရှုက မြေအောက်ခန်းထဲမှာ ထိုင်ချလိုက်ပြီးလေ့ကျင့်တော့သည်။ ဗိုက်ဆာလာတဲ့အခါ သူမက အဆာပြေဆေးတွေသောက်ကာ ဆက်လေ့ကျင့်၏။

သူမက သတင်းတွေရဖို့နဲ့ ရွှမ်ဟုန်ယွီ့ကိုတွေ့သွားပြီလားဆိုတာသိရဖို့ တစ်ခါတစ်လေ အပြင်ထွက်ပြီးစနည်းနာတတ်သည်။ မြို့ဝင်ပေါက်မှာ သက်တော်စောင့်တွေရှိနေသရွေ့ ရွှမ်ရှောင်ထျန်းက ရွှမ်ဟုန်ယွီ့ကို အခုထိရှာမတွေ့သေးမှန်း သူမ သိသည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now