Chapter - 14

2.5K 435 6
                                    

Unicode

၉၅၀။ အဓိပ္ပာယ်ရှိ‌သောအကြည့်တစ်ချက်
________________

နဉ်ရှုက သူတို့ဆီလျှောက်သွားကာ ဒူးတစ်‌ဖက်ထောက်ပြီး လက်သီးဆုပ်အရိုအသေပေးသည်။

"သခင်။"

ရှန့်ကွမ်းချင်းရော့က နဉ်ရှုကိုကြည့်လာသည်။ သူမရဲ့အကြည့်က နဉ်ရှုရဲ့မျက်နှာဆီဖြတ်သန်းကျရောက်လာပြီးနောက် အဝေးကိုရွှေ့သွား၏။

"ချင်းရော့၊ ဒီလျှို့ဝှက်သက်တော်စောင့်က မင်းအတွက်။ သူက မင်းကိုကာကွယ်ပေးလိမ့်မယ်။"

ရွှမ်ဟုန်ယွီကပြောလာသည်။

ရှန့်ကွမ်းချင်းရော့က နဉ်ရှုကို သဘောကျပုံမပေါ်ပေ။

"ငါ လျှို့ဝှက်သက်တော်စောင့်မလိုဘူး။ တစ်ယောက်ယောက်က ငါ့နောက်ကို အမြဲလိုက်နေသလိုခံစားရတယ်။ သက်တောင့်သက်သာမရှိဘူး။"

"သူက မင်းကို အမှောင်ထဲကနေပဲကာကွယ်မှာပါ။ မင်း အန္တရာယ်ကြုံရင် သူက မင်းကိုကယ်ဖို့ထွက်လာလိမ့်မယ်။ မင်းက နေရာမျိုးစုံသွားကစားရတာကြိုက်တယ်လေ၊ ဒီတော့ မင်း အန္တရာယ်ကြုံနိုင်တယ်။ သူက..."

ရွှမ်ဟုန်ယွီက နဉ်ရှုဘက်လှည့်ကာ အေးစက်စွာမေးလာ၏။

"မင်းနာမည်ကဘာလဲ?"

နဉ်ရှု : ...

"ဆယ့်တစ်ပါ။"

နဉ်ရှုက ပြန်ဖြေသည်။

"မင်း အန္တရာယ်ကြုံရင် ဆယ့်တစ်က မင်းကိုကာကွယ်နိုင်တယ်။ ပြီးတော့ မိန်းက‌လေးလျှို့ဝှက်သက်တော်စောင့်ရှိတာ မင်းအတွက်လည်း အဆင်ပြေလိမ့်မယ်။"

ရွှမ်ဟုန်ယွီက ထိုစကားကိုဆိုရင်း သူ့ခါးထက်က ကျောက်စိမ်းဆွဲပြားကိုလက်ဖြင့်ပွတ်နေသည်။

ရှန့်ကွမ်းချင်းရော့က စကားမဆိုဘဲ နှုတ်ခမ်းစူနေ၏။

ရွှမ်ဟုန်ယွီ့ရဲ့မျက်လုံးကျဉ်းကျဉ်းတွေထဲ အလင်းတန်းတစ်ချက်ဖြတ်ပြေးသွားသည်။ သူ ဒေါသထွက်လာနေပြီလို့ ခံစားလိုက်ရတာကြောင့် နဉ်ရှုက ရှန့်ကွမ်းချင်းရော့ကိုနှုတ်ဆက်လိုက်သည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now