Chapter - 57

2.2K 384 17
                                    

Unicode

၉၉၃။ ဘာများထိခိုက်မှာမို့လဲ?
___________________

အချိန်အတော်ကြာမောင်းသွားပြီးကြပြီးနောက်ဆုံးမှာတော့ သူမတို့တွေ မြို့လေးတစ်မြို့ကိုရောက်သွားခဲ့ပေမယ့် ဒီမြို့ရဲ့အဝင်ဝမှာလည်း ရွှမ်ဟုန်ယွီ့ဖမ်းဝရမ်းတွေရှိနေတာကို နဉ်ရှုတွေ့လိုက်ရသည်။ ရွှမ်ရှောင်ထျန်းက တစ်တိုင်းပြည်လုံးအနှံ့ရှာဖို့ရည်ရွယ်ထားတာလား?

ဒီတစ်ခေါက်တော့ ရွှမ်ရှောင်ထျန်း တကယ်ဒေါသထွက်သွားတဲ့ပုံပဲ။

ရွှမ်ဟုန်ယွီက ဖမ်းဝရမ်းတွေကိုမြင်သော်ငြား ဘာစကားမှပြောမလာချေ။ သူက ဒါကို လုံးဝဂရုမစိုက်ပုံရသည်။

သူမတို့ မြို့ထဲဝင်ဖို့လုပ်ချိန်မှာပဲ အတားခံလိုက်ရသည်။ မြို့စောင့်က တစ်ကိုယ်လုံးအဝတ်ပတ်ထားတဲ့ ရွှမ်ဟုန်ယွီ့ကို ခက်ထန်စွာအမိန့်ပေးလာသည်

"မင်းခေါင်းစွပ်ကို ချွတ်လိုက်စမ်း။"

နဉ်ရှုက အလောတကြီးဆိုသည်။

"ဒါ ကျွန်မရဲ့သခင်လေးပါ လူကြီးမင်း။ သူ ရောဂါတစ်ခုရထားလို့ အရည်အချင်းရှိတဲ့သမားတော်တွေကိုရှာဖို့ ခရီးပတ်သွားနေတာပါ။ သူ့အတွက် ခေါင်းစွပ်ကိုချွတ်ဖို့က တကယ်အဆင်မပြေပါဘူး။"

"သူ ခေါင်းစွပ်ချွတ်ရလိမ့်မယ်။ အမိန့်ချထားပြီးပြီ၊ မြို့ထဲဝင်တဲ့ဘယ်သူမဆို စစ်ဆေးခံရမယ်။"

အစောင့်ကပြန်ပြောသည်။

နဉ်ရှုမှာ ရွေးချယ်စရာမရှိတော့ဘဲ ရွှမ်ဟုန်ယွီ့လက်မောင်းကိုကိုင်ကာ အနာတွေပြည့်နေတဲ့အရေပြားကိုပြဖို့ အင်္ကျီလက်ကိုဆွဲတင်လိုက်ရတော့သည်။

ဒါကိုမြင်တဲ့အခါ အစောင့်က အလျင်စလိုပင်နောက်ဆုတ်သွားပြီး သူ့ပါးစပ်ကိုအုပ်လျက် နဉ်ရှုကို လက်ယမ်းပြသည်။

"ဝင်၊ ဝင်။"

"ကျေးဇူးတင်ပါတယ် လူကြီးမင်း။"

နဉ်ရှုက မြင်းကိုကြာပွတ်နဲ့ရိုက်ကာ ရှေ့ဆက်မောင်းသွားသည်။ သူမတို့ မြို့ထဲဝင်ဝင်ချင်းမှာပဲ နဉ်ရှုက ဆေးဆိုင်တစ်ဆိုင်ကိုသွားသည်။ ဆေးဆိုင်ထဲရှိသမားတော်က တစ်ချက်ကြည့်ပြီးနောက် အနာကြီးရောဂါအဖြစ်နာမည်တပ်လိုက်၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now