Chapter - 39

2.1K 369 5
                                    

Unicode

၉၇၅။ တကယ်တော့ ကျွန်မတို့ လိုဏ်ခေါင်းတူးလို့ရပါတယ်
__________________

ဝတ္တရားကျေပွန်တဲ့သား?

ဒါကိုကြားလိုက်ရချိန်မှာ နဉ်ရှု အော်ရယ်မိတော့မလို့ပင်။ အခုက နွေလည်ခေါင်ကြီးဟာကို သူက အလောင်းကို ရက်နှစ်ဆယ်ကျော်အောင်ထားနေတယ်။ အခေါင်းထဲမှာ ရေခဲတုံးတွေထည့်ထားတယ်ဆိုရင်တောင် ရေခဲတွေက အလောင်းပုပ်တဲ့အရှိန်ကို မလျှော့ချနိုင်ဘူးလေ။

ဒီတော့ အရင်ဧကရာဇ်ကလည်း အတော်လေးသနားဖို့ကောင်းသား။ သူက သူ့သားသုံးယောက်တိုက်ခိုက်တာကြောင့်ဖြစ်လာတဲ့ ဟာရီကိန်းမုန်တိုင်းကြားမှာ ဖယ်ရှားခံလိုက်ရတယ်။ အဆိပ်ခတ်ခံရလို့ သေရရုံတင်မကဘူး၊ သေပြီးတဲ့နောက်မှာတောင် သူ့သားက သူ့ကို မြေကြီးထဲဝင်ပြီးငြိမ်းငြိမ်းချမ်းချမ်းနားခွင့်မပေးဘူး။ သူ့မှာ ဒီလိုနှိပ်စက်မှုမျိုးကို ရင်ဆိုင်နေရသေးတယ်။

ရွှမ်ရှောင်ထျန်းက ရှန့်ကွမ်းချင်းရော့ကိုမတွေ့ခင် နန်းမတက်ရဲတာ။ သူ့မိဖုရားကြီးမရှိတာကို သူက ဘယ်လိုလုပ်နန်းတက်နိုင်မှာတုန်း? အတွင်းနန်းဆောင်က အုပ်ချုပ်တဲ့လူမရှိဘဲဖြစ်တော့မှာပေါ့။

နဉ်ရှုမှာ ရွှမ်ဟုန်ယွီ့ရဲ့ သေတွင်းတူးတဲ့အရည်အချင်းကို အဆင့်သစ်တစ်ခုအထိထပ်မံလေးစားသွားရပြန်၏။ အခုဆို ရွှမ်ရှောင်ထျန်းက ရွှမ်ဟုန်ယွီ့ကို အရှင်လတ်လတ်အရေဆုတ်ချင်နေလောက်ပြီ။

သူမ ဘာမှမလုပ်ရတာကို ဘာလို့ သူမရဲ့ဖမ်းဝရမ်းတွေရှိနေတာတုန်း? ဒါကို သူမ ဒေါသအထွက်ဆုံးပဲ။ ဖီ...

နောက်ဆုံးတွင်တော့ ရှန့်ကွမ်းချင်းရော့ကို တွေ့သွားကြပြီး သူမကို အရင်ဧကရာဇ်ရဲ့ဈာပနပွဲမတိုင်ခင် တွေ့သွားကြတာဖြစ်သည်။ ရွှမ်ဟုန်ယွီက မြို့ထဲကို ရှန့်ကွမ်းချင်းရော့နဲ့အတူ ထောင်ထောင်,ထောင်ထောင်နဲ့ဝင်လာခဲ့တာပင်။ သူ မြို့ထဲဝင်လာချိန်မှာ မြို့တံခါးဝကအစောင့်တွေသည်ပင် သူ့ကို အရိုအသေပေးရသေး၏။

ဒီသတင်းကို ရွှမ်ရှောင်ထျန်းရတဲ့အခါ သူက ရှန့်ကွမ်းချင်းရော့ကို ချက်ချင်းသွားကယ်သည်။ သူက ရွှမ်ဟုန်ယွီလည်း အရင်ဧကရာဇ်အတွက် ဝမ်းနည်းပူဆွေးတဲ့ထုံးစံကို လိုက်နာသင့်တယ်ဟုဆိုကာ ရွှမ်ဟုန်ယွီ့ကို နန်းတော်ထဲမှာ အကျဉ်းချထားတော့၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now