Chapter - 51

2.1K 417 24
                                    

Unicode

၉၈၇။ အချစ်စစ်က ရွှမ်ရှောင်ထျန်း
___________________

အရင်က ရွှမ်ဟုန်ယွီ ရှန့်ကွမ်းချင်းရော့ကိုပြန်ပေးဆွဲသွားတုန်းက သူ ရှန့်ကွမ်းချင်းရော့ကို ဘာမှမလုပ်ခဲ့ဘူး။ သူက ရှန့်ကွင်းချင်းရော့ကို ရှုခင်းကြည့်ဖို့တောင်ခေါ်သွားသေးတယ်။ ကောလဟာလတွေအရတော့ ရှန့်ကွမ်းချင်းရော့ အတော်လေးပျော်ခဲ့တယ်ဆိုပဲ။

ရှန့်ကွမ်းချင်းရော့ကတော့ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှထင်ထားမိမှာမဟုတ်ဘူး။

ရွှမ်ဟုန်ယွီက သူ ရှန့်ကွမ်းချင်းရော့ကို ဖျက်ဆီးချင်တယ်လို့ပြောခဲ့တယ်၊ ပြီးတော့ အခု ရှန့်ကွမ်းချင်းရော့တစ်‌ယောက် ပျက်စီးသွားပေါ့။

သူ့မှာ ရှန့်ကွမ်းချင်းရော့အပေါ် ခံစားချက်တွေရှိနေသေးတယ်၊ ဒါကြောင့် သူက ရှန့်ကွမ်းချင်းရော့ကိုဖျက်ဆီးဖို့ ဒီနည်းလမ်းကိုသုံးခဲ့တာ။

သူ့ရဲ့ပိုင်ဆိုင်လိုစိတ်ကြီးက တကယ်ကြောက်စရာပဲ။

အခုဆို ရွှမ်ရှောင်ထျန်းတော့ ‌ဒေါသထွက်လွန်းပြီးရူးသွား‌လောက်ပြီထင်တယ်။ ဒီနည်းလမ်းက လူတိုင်းကို ဒုက္ခ‌ဖြစ်စေခဲ့တာကိုး။

ဒါပေမယ့် လက်ရှိရွှမ်ဟုန်ယွီမှာက ဘာမှမကျန်တော့ဘူး။ ခြေဗလာဖြစ်နေပြီးတဲ့သူတွေက ဖိနပ်မရှိတော့မှာကို ကြောက်မနေတော့ဘူးရယ်။

နဉ်ရှုက အသီးအရွက်တချို့ဝယ်လိုက်ပြီး တောင်တွေဆီပြန်သွားသည်။ သူမ ပြန်ရောက်ချိန်မှာ ရွှမ်ဟုန်ယွီက စာအုပ်ကြီးတစ်အုပ်ကိုကိုင်ပြီး ရွှမ်မြဲ့ရှောင် နားလည်ဖို့ခက်တဲ့အရာတွေကို အလေးအနက်ရွတ်ပြနေသည်အား မြင်လိုက်ရတော့သည်။

မြို့ထဲကကောလဟာလတွေကို သတိရမိချိန်မှာတော့ နဉ်ရှုတစ်ယောက် သူမရဲ့စိတ်တိုနေမှုကို တည်ငြိမ်သွားစေဖို့ အသက်ပြင်းပြင်းရှူမိရသည်။

အခုက နေရာပြောင်းရမယ့်အချိန်ဖြစ်လောက်တယ်လို့ သူမ တွေးလိုက်မိသည်။ သူမတို့သာ ဒီလိုဆက်စောင့်နေရင် သေချာပေါက်အဖမ်းခံရတော့မှာ၊ အထူးသဖြင့် ရွှမ်ဟုန်ယွီ ဒီလိုသေတွင်းတူးနေပုံမျိုးနဲ့ဆိုလေ။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Onde as histórias ganham vida. Descobre agora