Chapter - 55

2.1K 390 23
                                    

Unicode

၉၉၁။ တကယ်ကို ချေးမများဘူး
___________________

ရွှမ်ဟုန်ယွီက ခြုံထည်ကိုဝတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ဖုံးသွားပြီး သူ့မျက်နှာကလည်း ခြုံထည်ခေါင်းစွပ်နဲ့တွဲထားတဲ့ အနက်ရောင်ဇာနဲ့ဖုံးသွားသည်။

"ငါတို့ ဘယ်သွားကြမှာလဲ?"

ရွှမ်ဟုန်ယွီက နဉ်ရှုကို ဇာကိုကျော်ကာကြည့်သည်။

"ဒီငယ်သားက သခင်အပိုင်စားရတဲ့နယ်အနီးနားက မြို့တစ်မြို့ကိုသွားဖို့စီစဉ်ထားတာပါ၊ ဒါပေမယ့် အခု ဒီလိုကိစ္စမျိုးဖြစ်လာတော့ သခင့်ကို ကုသပေးနိုင်မယ့်သူလိုက်ရှာဖို့ ဒီငယ်သား စီစဉ်ထားပါတယ်။"

နဉ်ရှုက စိတ်အားထက်သန်စွာဖြေသည်။

ရွှမ်ဟုန်ယွီ ငြိမ်သွားသည်။ အနက်ရောင်ဇာက သူ့မျက်နှာကိုဖုံးထားတာမို့ သူ့အမူအရာကို ဖတ်မရပါချေ။

မြင်းလှည်းထဲရှိ ရွှမ်မြဲ့ရှောင်က နိုးလာခဲ့သည်မို့ နဉ်ရှုက သူ့ကို မြင်းလှည်းအပြင်ဘက်သယ်ကာ စားစရာနည်းနည်းကျွေးသည်။ ရွှမ်ဟုန်ယွီက နဉ်ရှုနဲ့ရွှမ်မြဲ့ရှောင်ဆီကနေ နည်းနည်းဝေးစေဖို့အတွက် မီးပုံရဲ့တစ်ဖက်ခြမ်းမှာသွားထိုင်သည်။

"ရပါတယ် သခင်။ ခဏနေရင် မဲတီဒုတ်ရွက်ရဲ့အရည်ကို ကလေးကိုယ်ပေါ် လိမ်းပေးလိုက်ပါ့မယ်။ ဒါဆို သူ လွယ်လွယ်နဲ့အကူးမခံရတော့ဘူး။"

နဉ်ရှုက ပြောသည်။

[T/N : ဒီမှာ နဉ်ရှုပြောတာက mugwortပါ။ အိုင်က wormwoodရဲ့ဗမာနာမည် မဲတီဒုတ်(ခ)သစ်နံကိုင်းဆိုပြီးပြန်ထားတယ်။ အကြောင်းရင်းကတော့ mugwortကို common wormwoodလို့လည်း သိကြလို့ပါ။ ဒါပေမယ့် ဆက်ရှာကြည့်တော့ ဒီနှစ်မျိုးက အရမ်းတူပေမယ့် နည်းနည်းကွဲတယ်လို့သိရပြန်တယ်။ mugwortက Artemisiaမျိုးစိတ်ထဲက ရနံ့မွှေးတဲ့အပင်ပေါင်း၂၀၀လုံးကို ရည်ညွှန်းတာဖြစ်ပြီး wormwoodက အဲ့ထဲက တစ်မျိုးပါတဲ့။ ဆိုတော့ကာ တစ်မျိုးပဲယူလိုက်တာပေါ့။ ပုံကို အထက်မှာထည့်ပေးထားပါ့မယ်။ မောတာ!]

ရွှမ်ဟုန်ယွီက ခေါင်းငြိမ့်သည်။

"သမားတော်ရှာဖို့မလိုပါဘူး။ မြို့တော်ကိုပဲ ပြန်ကြရအောင်။"

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now