Chapter - 41

2.1K 426 21
                                    

Zawgyi

၉၇၇။ တကယ်တော့ ကျွန်မ လိုဏ်ခေါင်းတူးပြီးပြီ
__________________

တစ်က သူ့မြားကို သူမဆီချိန်ထား၏။ မြားခေါင်းက မှုန်မှိုင်းတဲ့အလင်းနဲ့တောက်ပနေသည်။ ဒီလိုဒူးလေးမျိုးက အင်မတန်အားကောင်းတဲ့အဖျက်စွမ်းအားရှိပြီး မြားခေါင်းအဆုံးမှာ ဆူးထစ်တွေပင် ပါသည်မို့ ဆွဲထုတ်လိုက်ပါက သူနဲ့အတူ အသားစအတော်များများပါသွားမည်ဖြစ်၏။

နဉ်ရှုရဲ့တစ်ကိုယ်လုံးက တောင့်တင်းသွားပြီး သူမက မြားကို မျက်တောင်မခတ်တမ်းကြည့်ရင်း အေးစက်စွာဆိုသည်။

"ကျွန်မ သခင့်ကို သစ္စာမဖောက်ခဲ့ဘူး။"

"ငါ ငါ့ရဲ့ပင်ကိုယ်သိစိတ်ကိုယုံတယ်။ မင်းက သခင့်ကိုသစ္စာမဖောက်ခဲ့ရင်တောင် ငါ မင်းကို အသက်ရှင်ခွင့်ပေးလို့မရဘူး။"

တစ်က နဉ်ရှုရဲ့ခေါင်းဆီကို မြားဖြင့်ပစ်လိုက်သည်။

နဉ်ရှုက အတွင်းအားကိုလှည့်ပတ်ကာ မြားကိုရှောင်လိုက်သည်။

"ရှင် ကျွန်မကို ဘာလို့ သတ်ဖို့လိုတာလဲဆိုတဲ့အကြောင်းပြချက်ပေး။"

တစ်က အေးစက်စွာဆိုသည်။

"လက်ရှိမှာ မင်းက အသေခံစစ်သည်နဲ့ လုံးဝမတူတော့ဘူး။ မင်း အသက်ရှင်လို့မရဘူး။"

နဉ်ရှုမှာ ခဏမျှကြောင်သွားမိချေ၏။ ဒါက ဘယ်လိုအကြောင်းပြချက်ကြီးတုန်း? တစ်က သူမဆီ မြားတစ်ချောင်းနဲ့ထပ်ချိန်နေပြီး အသေခံစစ်သည်တွေအများကြီးကလည်း သူမဆီချဉ်းကပ်လာနေတာကို သူမ သိလိုက်ရသည်။

သူမက အတွင်းအားတို့ကို အလျင်စလိုလှည့်ပတ်လိုက်ပြီး ဘုရားကျောင်းအပြင်ဘက်ပြေးထွက်သွားကာ မြင်ကွင်းမှ အလျင်အမြန်ပင်ပျောက်ကွယ်သွားတော့သည်။ ဒီအတွက် သူမ အတော်လေးကျေနပ်နေသည်။ အခုဆို သူမ အရင်ကထက်အများကြီးပိုသန်မာလာပြီ။ အနည်းဆုံးတော့ ဒီလောက်လူတွေအများကြီးဆီကနေ ထွက်ပြေးနိုင်ခဲ့တယ်လေ။

ခဏကြာအောင်ပြေးလွှားပြီးနောက်တွင် သူမက ရပ်လိုက်ပြီး သစ်ပင်တစ်ပင်ရဲ့ပင်စည်ကို ကန်ကာ အပင်ပေါ်တက်သွားသည်။ သူမ နောက်ပြန်ကြည့်မိလိုက်ပြီး သူမနောက်က တစ်ယောက်မှလိုက်မလာတာကိုတွေ့လိုက်ရ၏။ သူမက စိတ်သက်သာရာရသွားကာ ရင်ဘတ်ကိုပုတ်သည်။ ဘုရားရေ၊ ဘာလို့တစ်လောကလုံးက ရန်သူတွေနဲ့ပြည့်နေသလိုခံစားနေရတာပါလိမ့်?

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]जहाँ कहानियाँ रहती हैं। अभी खोजें