Chapter - 32

2.2K 376 3
                                    

Unicode

၉၆၈။ မိန်းမ,မဟုတ်ဘူး
_____________

"ဒီငယ်သားမှာ ကြိုက်တာမရှိပါဘူး။"

နဉ်ရှုက ပြန်ဖြေသည်။

ရွှမ်ဟုန်ယွီက နဉ်ရှုကိုကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ့ရှေ့မှအမျိုးသမီးက သာမန်လူမဟုတ်ဘူးဆိုတာ သတိရသွားရှာ၏။ အတိအကျပြောရမယ်‌ဆို သူမကို မိန်းမလို့တောင်သတ်မှတ်လို့မရပါချေ။ သူက ဂရုမစိုက်စွာဖြင့် လက်ယမ်း၏။

"ထွက်သွား။"

နဉ်ရှု : ...

လူတစ်ယောက်ကို အထဲခေါ်ပြီး စကားလေးနည်းနည်းပြောပြီးတာနဲ့ သူက ဒီလူ့ကို ထွက်သွားခိုင်းနေပြန်တယ်။

သူမက ဘာအမုန်းတရား၊ ဘာမကျေမနပ်ဖြစ်မှုမှမရှိဘဲ ခေါ်ရင်လာပြီး ထွက်သွားခိုင်းရင် ထွက်သွားရမှာပဲ။

နဉ်ရှု လှည့်ထွက်သွားတော့မယ့်အချိန်မှာပဲ ရွှမ်ဟုန်ယွီက ရုတ်တရက်ပြောလာပြန်သည်။

"အိုး၊ ဟုတ်သားပဲ။ တစ်ခုရှိသေးတယ်။"

နဉ်ရှုက မေးသည်။

"ဒီငယ်သားလုပ်ပေးရမှာများရှိလို့လား သခင်?"

ကျေးဇူးပြုပြီး ရှန့်ကွမ်းချင်းရော့ကို သွားမကာကွယ်ခိုင်းပါနဲ့ဟာ။

"ကြီးကြပ်ရေးအမတ်အိမ်တော်ကို ‌ဆက်စောင့်ကြည့်ထား။"

ရွှမ်ဟုန်ယွီက ညင်သာစွာဆိုသည်။

လီး။ နဉ်ရှု သွေးအန်မိတော့မလိုပင်။ သူမက ဘာလို့ပြန်သွားရဦးမှာတုန်း? သူမ ပြန်မသွားချင်ဘူးဆိုနေ။

နဉ်ရှုမှာ နေလို့သိပ်မကောင်းသော်ငြား သူမက လေးနက်တဲ့အမူအရာကို ဆက်ထိန်းထားဆဲဖြစ်၏။

"ကြီးကြပ်ရေးအမတ်အိမ်တော်က ဝင်လို့မရနိုင်တော့ဘူးလို့ ဒီငယ်သားထင်ပါတယ်။ ပဉ္စမမင်းသားက အိမ်တော်ကို စောင့်ကြပ်ဖို့ သေ‌ချာပေါက်လူလွှတ်ထားမှာပါ။"

"ပတ်ဝန်းကျင်ကိုပဲ အာရုံစိုက်။ ပဉ္စမမင်းသားနဲ့ ရှန့်ကွမ်းချင်းရော့ကြား တစ်ခုခုဖြစ်ခဲ့ရင် ဒီမင်းသားကိုသတင်းပို့။"

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now