Chapter - 17

2.3K 420 3
                                    

Unicode

၉၅၃။ သူ လုံလုံလောက်လောက်သေတွင်းတူးပြီးတဲ့အခါ
________________

ရွှမ်ဟုန်ယွီက ရှန့်ကွမ်းချင်းရော့ကို သူ့ကိုယ်သူမဖော်ပြနိုင်လောက်တဲ့အထိစွဲလန်းနေတာရယ်။ ဒါက အရမ်းကိုအားကောင်းတဲ့အရူးအမူးဖြစ်နေမှုကိုပြောင်းသွားပြီ။

ဒါပေမယ့် ပုံမှန်လူတွေကတော့ ဒီလိုလေးနက်ထက်သန်လွန်းလှတဲ့ပိုင်ဆိုင်လိုမှုကို သည်းမခံနိုင်ကြဘူး။ ဒါက မွန်းကြပ်တာကိုပဲဖြစ်လာစေပြီး သူတို့ကို ထွက်ပြေးချင်စိတ်ပေါက်လာစေတယ်။

ပုံမှန်လူတွေရဲ့မျက်လုံးထဲမှာ ရွှမ်ဟုန်ယွီက အရူးကြီးနဲ့တူနေလောက်တယ်။ ရှန့်ကွမ်းချင်းရော့ တစ်ခုခုနဲ့ပတ်သက်လိုက်မိပြီဆိုတာနဲ့ သူက အရူးကြီးဖြစ်သွားရော။

ရှန့်ကွမ်းချင်းရော့က ပဉ္စမမင်းသားနဲ့အတူရှိနေနိုင်ဖို့ ရွှမ်ဟုန်ယွီ့ကို တုန့်ဆိုင်းမှုမရှိကန်ထုတ်လိုက်တာ အံ့ဩစရာမဟုတ်တော့ဘူး။

ငါက ခေတ်သစ်ကမိန်းမ! ငါက ဘယ်လိုလုပ် ဒီလိုလူမဆန်တဲ့အခြေအနေမျိုးကို လက်ခံနိုင်မှာလဲ?

ငါ့ကို ငါပဲပိုင်တယ်၊ နင်မပိုင်သလို တခြားဘယ်သူမှလည်းမပိုင်ဘူး။ ငါက ဂုဏ်သိက္ခာရှိတဲ့လူ၊ ခံစားချက်မရှိတဲ့အရုပ်တစ်ရုပ်မဟုတ်ဘူး။

နဉ်ရှုမှာ ရွှမ်ဟုန်ယွီ့ကို နောက်ကိုပြန်ဆွဲလာပြီး သေတွင်းတူးနေတဲ့လမ်းပေါ် ပြေးတက်သွားတာကို တကယ်ပင်တားချင်နေခဲ့ရှာ၏။

သခင်၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါနော်။ ‌ကျေးဇူးပြုပြီး သေတွင်းမတူးပါနဲ့တော့။

ရွှမ်ဟုန်ယွီက စာအုပ်ကိုပိတ်ကာ နူးညံ့စွာဆိုလာ၏။

"သိပ်ကောင်းတယ်။ ဒီလိုပဲ ဆက်ပြီးမှတ်တမ်းတင်ထား။"

နဉ်ရှုက အမူအရာကင်းမဲ့စွာဖြင့်သာပြန်ဖြေသည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်။"

ခဏမျှတုန့်ဆိုင်းနေပြီးမှ သူမကဆိုသည်။

"သခင်၊ သခင်က သခင်မလေးရှန့်ကွမ်းကိုသဘောကျမှတော့ သခင်မလေးကို လက်ထပ်သင့်တယ်မဟုတ်ဘူးလား?"

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now