Chapter - 13

2.5K 431 2
                                    

Unicode

၉၄၉။ ကျောက်စိမ်းပန်းပုလေးဖြစ်ပြီးတုနှိုင်းမဲ့တယ်
______________

နှစ်ယောက်က အထဲဝင်လာတဲ့နဉ်ရှုကို ဂရုမထားတာမို့ နဉ်ရှုကလည်း ပါးနပ်စွာဖြင့် တိတ်တဆိတ်နေလိုက်ကာ ထောင့်နားမှာနေပြီး သူတို့နှစ်ယောက်ကို အကဲခတ်နေတော့သည်။

အမျိုးသားက တတိယမင်းသား ရွှမ်ဟုန်ယွီဖြစ်လောက်သည်။ ရွှမ်ဟုန်ယွီရဲ့ဆံပင်တွေက ကျောက်စိမ်းဆံထိုးတစ်ချောင်းနဲ့ မတင်စုစည်းထား၏။ သူက အဝကျယ်အင်္ကျီလက်နဲ့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတာမို့ သူ စုတ်တံကိုမလိုက်တဲ့အခါတိုင်း အင်္ကျီလက်က လေအနည်းငယ်ကိုဖြစ်ပေါ်စေသည်။

သူ့မျက်ခုံးတွေက မသိမသာလေးမြင့်တက်နေပြီး သူ့မျက်နှာအစိတ်အပိုင်းတွေက လက်ရာမြောက်လှကာ သူ့နှုတ်ခမ်းတွေကတော့ ချယ်ရီပန်းရောင်လေးဖြစ်သည်။

ကျောက်စမ်းပန်းပုလေးဖြစ်ပြီးတုနှိုင်းမဲ့တယ်။

သူ့မျိုးဆက်မှာတော့ တကယ်ကိုပြိုင်ဘက်ကင်းပဲ။

နဉ်ရှု သရော်လိုက်သည်။ အခုတော့ သူက သာမန်လူတစ်ယောက်နဲ့တူပေမယ့် ဘယ်အချိန် သူ့ရဲ့နိုင်ထက်စီးနင်းနိုင်တဲ့ပိုင်ဆိုင်လိုစိတ်တွေပေါ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ?

သူက ရှန့်ကွမ်းချင်းရော့ကို သာမန်လူတွေနားမလည်နိုင်လောက်တဲ့ပုံစံမျိုးနဲ့ သဘာဝမကျလောက်အောင်ကိုစွဲလန်းနေတာ။ သူက သူမရဲ့အရာအားလုံးကို လွန်လွန်ကဲကဲပိုင်ဆိုင်ချင်တာ။

သူ ချစ်မိသွားတဲ့လူက တကယ်ကို တော်တော်‌လေးသနားဖို့ကောင်းတယ်။

နဉ်ရှုက ရှန့်ကွမ်းချင်းရော့ကိုကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက ဝိုင်းစက်နေပြီး မက်မွန်သီးလေးလိုနှုတ်ခမ်းမျိုးရှိကာ နူးညံ့တဲ့ပန်းရောင်အသားအရည်အရှိသည်။ သူမရဲ့ဘေးပတ်လည်မှာ တက်ကြွတဲ့ရောင်ဝါရှိနေပြီး သူမရဲ့မျက်လုံးတွေထဲမှာတော့ ပါးနပ်လည်ဝယ်မှုတစ်စွန်းတစ်စရှိနေသည်။

ရှန့်ကွင်းချင်းရော့က အနောက်ဘက်အိမ်တော်ထဲမှာပဲ ပိတ်‌လှောင်ခံထားရတဲ့ ချမ်းသာတဲ့မိသားစုက သာမန်မိန်းက‌လေးတွေနဲ့ အရမ်းကိုကွာခြားတဲ့ လွတ်လပ်တဲ့အော်ရာကိုပိုင်ဆိုင်ထားသည်။ အဲ့လွတ်လပ်တဲ့လေထုက သူမရဲ့ဝိဉာဉ်ဆီကနေ လာပုံရသည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now