Chapter - 12

2.6K 437 2
                                    

Unicode

၉၄၈။ ထူးထူးခြားခြားကြည့်စရာမရှိ
______________

ဒီနားက တစ်ခုတည်းသောအရာတွေက တောင်တွေပဲ။ ဒီမှာနေတဲ့လူမရှိတာမို့ သူမ ဒီကလေးကို ဘယ်လိုလုပ်ရပါ့?  သူမ တောင်တွေအပြင်ဘက်ကိုလျှောက်သွားပြီး ဒီကလေးကိုလိုချင်တဲ့မိသားစုကိုရှာပေးဖို့က မဖြစ်နိုင်ဘူး။

တစ်က သူမကိုစောင့်နေတယ်။ အချိန်မလောက်ဘူးရယ်။

လီး။ ကိစ္စတွေက ဘယ်လိုလုပ်အရမ်းခက်ခဲနေရတာလဲ?

ပြီးတော့ ဟန်ဆောင်သေဆေးက ‌ဆေးစွမ်းပြယ်တော့မယ်။ နဉ်ရှုမှာ ဆေးပင်တွေကိုဆက်ဝါးကာ ကလေးရဲ့ဒဏ်ရာပေါ်အုံပေးနေရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ ဒဏ်ရာက သွေးတိတ်သွားခဲ့သည်။ သူမက ကလေးရဲ့ပါးစပ်ထဲ အဆာပြေဆေးလုံးကို ထိုးထည့်လိုက်၏။ အဆာပြေဆေးက အရည်နွေးနွေးများအဖြစ်ပျော်ကျသွားကာ ကလေးရဲ့ခံတွင်းထဲ စီးဝင်သွားသည်။

ဒီကလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ နဉ်ရှုမသိပါချေ။ သူမ သူ့ကို ဒီမှာပဲထားခဲ့လိုက်ရမှာလား? သူ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်ရဲ ချီယူပြီးစားတာကိုခံလိုက်ရမှာ အသေအချာပဲ။ ဒီလိုဆို သူမ အစွမ်းကုန်ကြိုးစားပြီးတာတောင် သူက သေဦးမှာ။

ဟူး။ နဉ်ရှုက ကလေးကိုပွေ့ချီကာ သစ်တောကို အပေါ်စီးကနေကြည့်ဖို့ သစ်ကိုင်းတွေပေါ်ခုန်တက်လိုက်သည်။ မြေခွေးမတစ်ကောင် သစ်ပင်အောက်ကနေဖြတ်သွားတာကို သူမမြင်လိုက်ရသည်။ အမေမြေခွေးမရဲ့နောက်မှာ မြေခွေးပေါက်လေးတွေလိုက်လာသည်။

အကြံတစ်ခုပေါ်လာ၏။ သူမက မြေခွေးပေါက်လေးတစ်ကောင်ကို တိတ်တိတ်‌လေးခိုးယူလိုက်ပြီး အနှီးနဲ့ကလေးမှာ မြေခွေးနံ့စွဲသွားအောင်လုပ်ပြီးနောက် မြေခွေးတွေနောက်ကနေ သူတို့ဂူထဲလိုက်သွားလိုက်သည်။

သူမလုပ်နိုင်သမျှက ကြိုးစားကြည့်ခြင်းသာ။ ဒီမြေခွေးမက ဒီက‌လေးကိုစောင့်ရှောက်ဖို့ ဆန္ဒရှိပါ့မလားဆိုတာသူမ မသိ။

သူမက က‌လေးကို အဖျားပျောက်ဆေးနဲ့ယောင်ယမ်းတာပျောက်စေတဲ့ဆေးတိုက်လိုက်သည်။ အမေမြေခွေးမကြီးထွက်သွားသည့်အခါ သူမက ကလေးကို ဂူထဲမှာထားလိုက်ပြီး အနီးနားကနေစောင့်ကြည့်နေလိုက်သည်။ အမေမြေခွေးမက ကလေးကို နာကျင်အောင်လုပ်ဖို့ကြိုးစားမယ်ဆို သူမ မြေခွေးကိုသတ်ပစ်ရပေလိမ့်မည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now