ကိုယ့် ချစ်ဆုံး ✔၂✔

27.1K 1.2K 6
                                    


​​ဝေဟင်တစ်ယောက်ဆိုင်ကယ်ကို အကြမ်းမောင်းပြီး ခြံထဲဝင်လာပြန်၏။ သတိပေးချင်သော် လည်း ဆရာလုပ်တယ်ထင်မှာစိုး၍ မပြောဖြစ်​သေး။ ထို့ပြင် ဝေဟင်သည် လူထက်အသံအရင်ရောက်တတ်သေး၏။

" ကိုကို ကိုကိုရေ "

အိမ်ထဲအထိပင် မရောက်သေး။ တစ်ကို(ကိုကို) တည်းခေါ် နေသော သား​ဖြစ်သူကို ခဏမျှကြည်လိုက်ပြီး မကြားခဲ့သည်ဟန်ဖြင့် ဦးမင်းထင်ဖတ်လက်စသတင်းစာကိုသာ ဟန်မပျက်ဆက်ဖတ်နေလိုက်သည်။ မီးဖိုခန်းမှ ထွက်လာသော မိမိသည် ဟိုကောင်ကို ဘာပြောလိုက်လဲတော့မသိ။ ပြန်ထွက်သွားသည်ကို တွေ့လိုက်ရ၏။

" ဝေဟင် ဝေဟင် မင်းဘယ်ခြေလှမ်းမယ်ဆိုတာ ငါသိနေတယ် "

ဦးမင်းထင်တစ်ယောက် တိုးစွာသောအသံဖြင့် အိမ်အပြင်ပြန်ထွက်သွားသော သားဖြစ်သူ
ကျောပြင်ကို ကြည်လျက်ရေရွတ်လိုက်သည်။

တွေ့ချင်သူအား တွေ့ရပါပြီး။ ခြံနောက်ဘက်ရှိ တိုက်ပုလေးဘေးပန်းချီဆွဲနေသော ကျွန်တော်အပိုင်ဖြစ်လာမည့် "ဇလေး"။ လက်ရှိမှာ "ဇလေး"ဟု ခေါ် ဖို့ရန် မဖြစ်နိုင်သေး။ ချစ်သူတွေဖြစ်ခါမှပဲ ခေါ်ရန်အတွက် တေ့မှတ်ထားသည်။ အရပ် ၅ ပေ ၁၁ လက်မကျော်၊ အသက် ၂၇ နှစ်အရွယ်ရှိသူကို "ဇလေး"ဟုခေါ်လိုက်လျှင် အထိုးခံရမှာ ၇၅ ရာခိုင်နှုန်းလောက်ရှိ၏။ "ဇလေး"ဟု မခေါ်သေးသည်မှာ ဝေဟင် အထိုးခံရမှာကြောက်၍ မဟုတ်ပါ။ "ဇလေး" စိတ်ဆိုးမည်
ကို ပိုကြောက်၍ပင်။

" ကိုကို "

" ဝေဟင်ရောက်ပြီးလား၊ ခဏထိုင်အုန်း၊ ကိုယ်ဘာမှ မပြင်ရသေးဘူး "

" အေးဆေးပဲ ရတယ်၊  ကျွန်တော်စောင့်နေမယ် "

" အထဲဝင်စောင့်ပါလား "

" ရတယ် ကိုကို၊ ဒီကပဲ စောင့်နေမယ် "

အထဲဝင်စောင့်ရန်ခေါ်သည်ကို ဝေဟင်ငြင်းလိုက်သည်မှာ အခွင့်ရေးမယူတတ်သူတစ်ယောက်အဖြစ် မြင်စေချင်၍ ​​ဖြစ်၏။ အရှေ့က နှစ်ထပ်တိုက်တွင်အဖေနှင့်အန်တီတို့နေသည်။ ကိုကိုသည်​တော့ ခြံအနောက်နားက တိုက်ပုမှာသာ အနေများပေသည်။ ယခုဝေဟင်၏သူငယ်ချင်းမွေးနေ့အတွက် လက်ဆောင်ရွေးဖို့ရန်ဟူသော အကြောင်းပြချက်နှင့် ကိုကိုအား လာခေါ်ခြင်းပင်။ ဒါပေမယ့် ဝေဟင်အတွက်တော့ တစ်ဖက် သတ်ဒိတ်ဆိုလည်း မမှား။

ကိုယ့် ချစ်ဆုံး Where stories live. Discover now