ကိုယ့် ချစ်ဆုံး ✔အချပ်ပို(၁)✔

9.1K 423 11
                                    


" ဦးဦး "

" ဘာလဲ "

ဝေဟင်ခေါင်းငုံ့၍ ခြေထောက်ဘေးဘက်ကို ကြည်လိုက်လျှင် ဝတ်စုံပြည့်နှင့်လန်းနေသော မင်းစေတမန်အား မျက်နှာလေးမော့လျက်သာ
ဖြင့် တွေ့လိုက်ရသည်။

" သားရောလိုက်မယ် "

" မရဘူး။ မင်းလိုက်လို့ မရဘူး "

" ဘာလို့လဲ ဦးဦး "

" ကိုကိုသိရင် ငါကိုသတ်မှာ "

" က်ိုကို ကိုပေးမသိနဲ့ပေါ့ "

အပြောကတော့ လွယ်လိုက်တာ။ ကိုကိုသိသွားလျှင် ဝေဟင်အခန်းပြင်ထွက်အိပ်ရမည်မှာ အသေအချာပေ။ အလုပ်ကိစ္စများကြောင့်  ဝေဟင်ဘားမရောက်​ဖြစ်သည်မှာ အတန်ကြာနေပြီးဖြစ်သည်။ သူရှိန်တစ်ယောက်တည်းနှင့်လည်း အေးဆေးလည်ပတ်နိုင်၍ စိတ်ပူစရာတော့မလို။ အခု၌ က်ိုကိုမရှိတုန်းလေး ဘားသို့သွားရန်ပြင်ဆင်အပြီး အချိန်ကိုက်ပင်အစ်မဖြစ်သူသည် သူ၏သားကို လာပို့သွား၏။ ကိုကိုသည်လည်း ပန်းချီပြခန်းကိစ္စဖြင့် မနက်တည်းက အပြင်ထွက်သွား၏။ ဘောလုံးကောင်ကို ထားခဲ့လို့ရသည်။ ခြံစောင့်လင်မယားမှ ကြည်ပေးလ်ိုက်မည်ဖြစ်၏။ သို့သော် ဘောလုံးကောင်က မနေ၊
လိုက်မည်ဆို၍ ဝေဟင်အင်္ကျီလက်ဆွဲလျက်
ရှိနေလေသည်။ ဝေဟင်၏ခါးစောင်းလောက်
အ​ရပ်ရှိသော မင်းစေတမန်၊ ကိုကိုအခေါ် ဘောလုံးလေးကိုကြည်၍ ဝေဟင်ဆုံးဖြတ်ချက်ချလိုက်သည်။

" လာ သွားကြတာပေါ့ "
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
" က်ိုကို "

"........"

" ကိုကို "

" မင်းအပြစ်ကိုသိပြီးလား "

" သိပါ​​ပြီး ကိုကို။ နောက်မဖြစ်စေရဘူး၊ ကျွန် တော်ကတိပေးတယ် "

လက်သန်းလေးထောင်၍ ကတိပေးလာသော ဝေဟင်သည် မျက်နှာငယ်လေးနှင့်ဖြစ်၏။ ဇဝါ ဝေဟင်၏အချွဲမျက်နှာငယ်လေးကို ကြည်၍ ပျော့ချင်ချင်ဖြစ်နေသော ကိုယ့်စိတ်ကို ပြန်တင်းလိုက်သည်။ မဟုတ်လျှင် တစ်ခါပြီးတစ်ခါဖြင့် အကြိမ်ကြိမ်အမှားပြုလုပ်လာလိမ့်မည်။

" ဒါဆိုပြော မင်းဘာအပြစ်လုပ်ထားလဲ။ မှန်အောင်မပြောနိုင်ရင် ညစာမပြောနဲ့၊ မနက်စာလည်း မကျွေးတော့ဘူး ပြော "

ကိုယ့် ချစ်ဆုံး Where stories live. Discover now