ကိုယ့် ချစ်ဆုံး ✔၂၉✔

11.3K 536 1
                                    


၃ နှစ်ခန့်ကြာသော်...

" တိုတိုယေ၊ တိုတို ထ "

" ခဏထပ်အိပ်ရအောင် ဘောလုံးလေး "

ဇဝါမျက်လုံးကိုဖွင့်မရသေးဘဲ ဘောလုံးလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ဆက်အိပ်လိုက်သည်။

" ဟေ့ကောင် ​​ဘောလုံး ! ဘာလုပ်နေတာလဲ "

ဖုန်းပြောပြီး ကိုကိုအားနှိုးရန် အိပ်ခန်းထဲပြန်ဝင်လာချိန်တွင် ဝေဟင်မမျှော်လင့်ထားသော မြင်ကွင်းက ဆီးကြိုလေ၏။ မင်းစေတမန်
ခေါ် ဘောလုံးကောင်သည် ကိုကို၏ညဝတ်အင်္ကျီပွပွထဲသို့ ခေါင်းဝင်နေလေသည်။ အစ်မအရင်းမှ မွေးထားသော တူအရင်းဖြစ်သော်လည်း ဝေဟင်၏ကိုကိုအား လိုက်လုတတ်သော ဘောလုံးကောင်ကို ဝေဟင်နည်းနည်းလေးမှ
ကြည်မရ။ ဝေဟင်အော်သံကြောင့် လုံးတစ်နေသောပါးများဖောင်းတွဲပြီး ချစ်စရာကောင်းသော ဘောလုံးလေးမှာ သူခိုးလူမိမျက်လုံးပြူးလျက်လှမ်းကြည်လာသည်။

" အုအုရှူး၊ တိုတိုအိပ် "

လက်ညိုးတုတ်တုတ်လေးကို နှုတ်ခမ်းချွန်ချွန်လေးနားကပ်၍ တိတ်တိတ်နေရန် ပြောလာသော ဘောလုံးကောင်ကြောင့် ဝေဟင်နှုတ်ခမ်းမဲ့လိုက်မိသည်။ ကိုကိုထံကြည်လိုက်လျှင် ဘောလုံးကောင်ကိုဖက်၍ ဘေးစောင်းလေးအိပ်နေလေ ၏။ ဘေးစောင်းလေးအိပ်နေသော ကိုကိုအားအသာဆွဲလှန်လိုက်ပြီး တစ်ကိုယ်လုံးကိုခွ၍ ဖက်ထားလိုက်သည်။ ပြီးလျှင် ဘေး၌ ရှိနေသော ဘောလုံးကောင်ဘက်လှည့်၍ မျက်နှာချီပြလိုက်သည်။ ဘောလုံးလေးသည် တိုတိုအပေါ် အုအုတတ်ဖိထား၍ တိုတိုနာသွားမည်ဟု ကလေးအ တွေးဖြင့် တွေးမိလျှင်

" တိုတိုနာနာ၊ အုအုဖယ် "

" ကြည်ထား၊ ကိုကိုက ငါအပိုင် ပြွတ် "

" ဟုတ်ဖူး။ တား ပိုင် "

ဝေဟင် ကိုကိုအပေါ်မှမဆင်းဘဲ တိုးဖက်ပြပြီး နေလိုက်လျှင် ဘောလုံးကောင်၏အောက်နှုတ်
ခမ်း​လေးသည် အရှေ့ဘက်ထော်ထွက်လာသည်။ ပြီးလျှင် တဖြည်းဖြည်းချင်းမျက်နှာလေးပါမဲ့လာ၍ မျက်ရည်ဝဲလျက် အသံတိတ်ငိုလေတော့ သည်။ မျက်နှာမဲ့ပြီး ကိုကိုထံငေးနေသော ဘောလုံးကောင်ကို  ဝေဟင်ချစ်ပါ၏။ သို့သော် ကိုကိုအနားအရမ်းလိုက်ကပ်သည်ကိုတော့
မကြိုက်ပါ။ ဝေဟင်လုပ်သမျှကိုလည်း မှတ်ထားပြီး လိုက်လုပ်တတ်သေး၏။ အစ်မနှင့် ခဲအိုတို့ သည်လည်းအလုပ်များကြပြီး ကလေးကိုနှစ်ဖက် မိဘထံအလှည့်ကျထားသည်။ ဝေဟင်တို့လည်း  အခုဆိုကိုကို၏တိုက်ပုလေးနှင့် ​​ဝေဟင်တိုက်ခန်းတို့မှာ အလှည့်ကျမဟုတ်သော်လည်း အဆင်ပြေသလို့နေဖြစ်သည်။ တစ်ခါတလေ ဦးမင်းထင်၏ သော့ပိတ်ထားသော အိမ်၌လည်း သွားနေဖြစ် သည်။

ကိုယ့် ချစ်ဆုံး Where stories live. Discover now