ကိုယ့် ချစ်ဆုံး ✔၇✔

14.5K 900 5
                                    


ကိုကိုအနား၌ ကပ်နေသည်မှာ နှစ်ပတ်နီးပါးရှိ​ပြီး။ တိုးတတ်မှုမဆိုစလောက်ပင်ရှိ​သော်လည်း အိမ်သွားပြီး တွေ့စရာမလိုတော့။ ကုမ္ပဏီအထိ လိုက်ခွင့်ရခဲ့ပြီး။ မကြာသေးခင်က ကိုကို၏ကားကို နည်းနည်းလေးပြသာနာရှာပေးလိုက်သည်ဖြစ်၍ အကြိုအပို့တာဝန်အားရခဲ့ပြန်သည်။

" ဝေဟင် "

" ဗျာ ကိုကို "

" ကိုယ်ကို ကော်ဖီဖျော်ပေးပါအုန်း "

" ဟုတ်ကဲ့ ကိုကို "

ဝေဟင် ကိုကိုအကြိုက်အတိုင်းဖျော်ပြီး ယူသွားပေးလိုက်သည်။

" ကိုကို ​ကော်ဖီ "

ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ကိုကိုမျက်နှာလေးကိုကြည်လိုက်လျှင် ကိုကိုသည် တစ်စုံတစ်ခုကို စိတ်ရှုပ်နေဟန်တွေ့ရ၍ နားထင်အား အသာနှိပ်ပေးနေလိုက်သည်။ ထို့အခါမှ
ကိုကို၏မျက်နှာလှလှမှာလည်း တင်းမာနေသော အနေထားမှ အနည်းငယ်လျော့ကျလာလေ၏။

" ဝေဟင် "

" ဗျာ ကိုကို "

" ဒီညသောက်ကြရအောင် "

ရတီမင်းထင် အမိနိုင်ငံကို ပြန်လာချိန်ဖြစ်၍ အနည်းငယ်စိတ်လှုပ်ရှားမိသည်။ မောင်ငယ်နှင့် အဖေတို့ကိုလည်း အံ့သြသွားရအောင် ကြိုအသိမပေးဘဲ ပြန်လာခဲ့၏။ လေယာဥ်ဆိုက်ရောက်ခါမှ အဖေထံသို့ လာကြိုရန်ဖုန်းဆက်သော်လည်း မကိုင်၍ ဝေဟင်ထံဆက်ရပြန်သည်။

...📱..(ခေါ်ဆိုသံ)..📱...

​မြန်မာစံတော်ချိန် နံနက် ၉ နာရီလောက်ရှိပြီး ဖြစ်သော်လည်း ဖုန်းမကိုင်ကြ။

ဦးမင်းထင်တစ်ယောက် ချစ်ဇနီးလေးမိမိအနားမှ မခွာနိုင်ဘဲ စျေးသွားမည့်မိမိကို ကားမောင်းပို့၍ စိတ်ပျော်စွာဖြင့် စကားဖောင်ဖွဲ့နေသည်။

" ရှင် စကားသိပ်တတ်တာပဲ "

" စကားတတ်တာမဟုတ်ဘူး။ ကိုအချစ်တွေကြောင့် စကားလုံးတွေ နှိုးကြွလာရတာ ဟား ဟား "

ရှက်သွားသော ဇနီးသည်ကိုကြည်၍ ဦးမင်းထင်မှာ အချစ်ပိုစွာဖြင့် တဟားဟားရယ်(ရီ)နေမိ၏။

ကိုယ့် ချစ်ဆုံး Where stories live. Discover now