ကိုယ့် ချစ်ဆုံး ✔၂၇✔

10.8K 561 5
                                    


" ကိုကို ! ! ! ! "

" ဟေ "

ဝေဟင်အသံမြင့်၍ ခေါ်လိုက်သော်လည်း
တုံ့ပြန်သံမှာ "ဟေ" တစ်လုံးတည်းလား။ ကိုကိုအမူအရာကို အသည်းယားသော်လည်း
ဝေဟင်ကြားချင်သော စကားလေးနှစ်ခွန်းကို
မပြောပေး၍ သိပ်လည်းမကြည်ချ​င်။ ပြောပေး
လိုက်လျှင် ဘာဖြစ်မှာကျလို့။ ကိုကိုသည် ဝေဟင်ပျော်ရမှာကိုတွန့်တိုနေ၏။ ကိုကို
ဝေဟင်ကို ချစ်တယ်ဆိုတာသိပါ၏။ သို့သော် ကိုကိုနှုတ်မှ ဝန်ခံမှုလေးကိုတော့ ကြားချင်မိ သည်။

" ကိုကို ချစ်လားဆို "

" ဘယ်သူကိုလဲ ရတီကိုလား၊ အား...ကိုက်တယ်
ခွေးလေးလား "

" ဖြေတော့ ကိုကို၊ မဖြေရင် ထပ်ကိုက်မှာနော် "

" အား...ချစ်တယ် ခွေးကောင် "

" နာမည်တပ်ပြောလေ ကိုကို "

" ပြောပြီးသွားပြီးလေ "

" ကိုကို ! ကျွန်တော်နာမည်က ဝေဟင်လေ၊ ခွေးကောင်မဟုတ်ဘူး "

" ဟားဟားဟား... ဝေဟင်ဆိုတာ သေချာလို့လား "

" ကိုကို ! စိတ်တိုလာပြီးနော် "

" နားထောင်၊ ကိုယ်တစ်ခါပဲ ပြောမယ် "

"........"

" ကိုယ် ဝေဟင်ကို သဘောကျတယ်၊ ချစ်တယ်၊ကြိုက်တယ် "

ဇဝါဘဝမှာ ဘယ်သူကိုမှ အဖြေမပေးခဲ့ဖူး။ ပထမဆုံးအတွေ့အကြုံအဖြေပြန်ပေးရခြင်းသည်လည်း တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းပေသည်။

" ကိုကို အဟင့် ချစ်တယ် ဟင့် "

" တိတ်လိုက်၊ ယောကျ်ားမဟုတ်ဘူးလား၊ အားအားရှိ ငိုနေတယ် "

" အဟင့် ကျွန်တော်က ယောကျာ်း၊ ကိုကိုရဲ့
ယောကျာ်း။ ကျွန်တော်ငိုတာ မဟုတ်ဘူး၊ မျက်ရည်က သူဘာသူကျလာတာ၊ ကိုကိုကြောင့်ပေါ့ ဟင်း ဟင့် အဟင့် "

ဇဝါ သတိထားမိသည်။ ဝေဟင်တစ်ယောက် မျက်ရည်လေးတွေနှင့် ဇဝါကို အပိုင်ချုပ်နေ သည်။ ဝေဟင်သည် မင်းသားရှုံးအောင် မာယာများ၏။ သို့သော် ထိုမာယာများနေတာလေးကလည်း ချစ်စရာကောင်းနေပြန်သည်။ ဝေဟင်
သိတာပေါ့။ ကိုကိုအား အကြမ်းနည်းသုံးမရဘူး ဆိုတာကိုး။ ဝေဟင်ခံခဲ့ရသော ကိုကို၏ဘယ်ဝိုက်၊ ညာဝိုက်လက်သီးများက သက်သေပင်။ ကိုကိုသည် ဝေဟင်မျက်ရည်ကျပြသည်နှင့်
မကြာခင်၌ အလျော့ပေးတတ်သည်။ ခု၌ ဝေဟင်၏မျက်ရည်တို့သည် ကိုကိုနှင့်ပတ်သက်လျှင် အလိုအလျောက်ကျလာတော့သည်။ ခံစားချက်တို့သည်လည်း ကိုကိုအပေါ်ချစ်သည်ထက်
ပိုလာပေ၏။

ကိုယ့် ချစ်ဆုံး Where stories live. Discover now