ကိုယ့် ချစ်ဆုံး ✔၂၃✔

11.1K 571 0
                                    


ကိုကိုတို့ကားနောက်လိုက်ခဲ့လျှင် ဟိုတယ်တစ်ခုထဲသို့ အတူတူဝင်ကြသွားသည်ကို တွေ့လိုက်ရသည်။ ကိုကိုပြန်ထွက်လာနိုးနှင့် စောင့်နေလိုက်လျှင် ၂ နာရီ ၂၆ မိနစ် ၁၂ စက္ကန့်ရှိသွားခဲ့ပြီးဖြစ်သော်လည်း ပြန်ထွက်မလာခဲ့။ ဟိုတယ်အတွင်း လိုက်ဝင်သွားပြီးပြန်ခေါ်ရန်မှာ ဝေဟင်အတွက် အလွယ်လေး။ သို့သော် ဝေဟင်တွေ့လာရမည် မြင်ကွင်းကို မရင်ဆိုင်နိုင်။ ထို့ကြောင့် ဟိုတယ်ရှေ့မှ ပြန်လာခဲ့လိုက်သည်။

" တစ်ယောက်တည်းလား "

" ထွက်သွား "

အနားလာ၍ ဝေဟင်ပေါင်ထက်လာထိုင်သူကို တွန်းထုတ်လိုက်သည်။ ကိုကိုတို့ဝင်သွားသော ဟိုတယ်ရှေ့မှ ထွက်လာ၍အနီးရှိ အရက်ဘားတွင် လာသောက်နေ​ခြင်းပင်။ Candy တွန်းထုတ်ခံလိုက်ရ၍ ဒေါသထွက်မိသော်လည်း
ခဏအတွင်းပင်။ ဒီလောက်မိမိုက်နေသော
ကောင်လေးကို ဘယ်သူ့ကမှ ပြန်လွတ်ချင်မည် မဟုတ်။ Candy အလွတ်ပေးမည်ဆိုလျှင်
ပိုတောင် မဖြစ်နိုင်။

ဇဝါခေတ်နှင့် ရတီမင်းထင်တို့သည် ဟိုတယ်အခန်းနံရံမှ အခန်းနံပါတ် ၁၃၂၅ ကို​ တွေ့လျှင် အခန်းအတွင်းသို့ဝင်လိုက်သည်။

" Boss လက်စွပ်ရလာပါပြီး "

" တော်တယ်၊ surprise အတွက် အသင့်ဖြစ်နေပြီး "

" ကျေးဇူး ဇဝါ "

ဇဝါခေတ်၏လက်ကိုဆွဲယူ၍ ပခုံးချင်းတိုက်လျက် ဇေယျာပိုင်ဆိုလာသည်။

" မင်းအိမ် မပြန်နဲ့တော့၊ နောက်ကျနေပြီး ဇဝါ။
ဒီအခန်းမှာ အိပ်လိုက်တော့၊ ခန်းမထဲမှာ ငါတို့ မနက်ခင်း surprise wedding အတွက် သွားပြင်ဆင်အုန်းမယ်၊ သွားစို့ ရတီ "

ရတီနှင့် ဇေယျာတို့ထွက်သွားခါမှ မွေယာထက်လှဲချလိုက်သည်။ အခန်းကြိုငှားပေးထားသော ဇေယျာသည် သိတတ်၏။ ဇဝါသွားခဲ့သော လေလံပွဲသည် တရားဝင်ပွဲမဟုတ်။ မနက်မှ ဝေဟင်ထံပြန်ရန်တွေးပြီး မျက်လုံးမှိတ်အိပ်ရတော့မည်။

ခေါင်းနောက်မှုတချို့ဖြင့် မွေ့ယာထက်၌ ဝေဟင်
ခေါင်းကုတ်၍ ထိုင်နေမိ၏။ မျက်လုံးတို့ကို
ဖွင့်ကြည်လိုက်လျှင် အခန်းလိုက်ကာမဖွင့်ရသေး ၍ အခန်းတွင်း၌ မှောင်နေပေ၏။ ထို့ကြောင့် ဘေး၌အိပ်နေသူကိုဖက်၍ ပြန်အိပ်လိုက်သည်။

ကိုယ့် ချစ်ဆုံး Where stories live. Discover now