ကိုယ့် ချစ်ဆုံး ✔၁၀✔(Z)

2.4K 148 0
                                    


ဇဝါရေချိုးခန်းမှ အဝတ်တစ်ပိုင်း၊ အပေါ်ဗလာ ကျင်းနှင့်သာ ထွက်ခဲ့သည်။ 08:27 pm ရှိနေပြီး ဖြစ်သော်လည်း ဝေဟင်သည် ရေချိုး​ရန် စိတ်ကူးရှိပုံမရဘဲ ဖုန်းကိုသာအာရုံအပြည့်ထည့်ထားပုံ
ဖြင့် ကုတင်ထက်ထိုင်ပြီး ဂိမ်းဆော့မပြတ်ရှိနေလေ၏။

" ဝေဟင် ရေချိုးတော့ "

" ခဏပဲ ကိုကို "

ဝေဟင်သည် ဂိမ်းဆော့လျက် ခဏဆိုလာ​သည်။ ဇဝါ ညဝတ်နက်ပြာရောင်ဝမ်းဆက်ကို ဝတ်လိုက်သည်။ ခေါင်းသုတ်၍ ပုံမှန်လိမ်းနေသည့်အတိုင်း night cream ကို ပါးပါးလေးလိမ်းလိုက်သည်။

" ရေချိုးတော့ ဝေဟင် "

"........."

" ဝေဟင် "

ဖုန်းနှင့် အကြည်စိုက်လျက်ရှိသည် ဝေဟင်အား ရေချိုးရန် သတိထပ်ပေးလိုက်လျှင်

" ကိုကို ခဏပဲ "

" ရေချိုးတော့၊ ၉ နာရီ ထိုးတော့မယ် "

" ကိုကို ဒီတစ်ပွဲပဲလေနော်၊ ခဏလေးပဲ "

" ကုတင်​မှာ မအိပ်ချင်ဘူးထင်တယ်၊ အခန်းပြင်က ဆိုဖာမှာအိပ်မလား၊ ဒါမှမဟုတ် ကုတင်အောက်မှာအိပ်ချင်လား၊ ကြိုက်တာရွေးလိုက်  "

" အိပ်ချင်တယ်၊ ကိုကိုနဲ့ တူတူအိပ်မှာ "

" ရေသွားချိုး "

ဇဝါ၏ခြိမ်းခြောက်မှုသည် အရာရောက်ပုံ ပေါ်လေ၏။ ဝေဟင်တစ်ယောက် ကုတင်ပေါ်မှ
အ​မြန်ဆင်းပြီး ရေချိုးခန်းထဲဝင်သွားတော့
သည်။ မွေ့ယာထက်ချန်ခဲ့သော ဝေဟင်ဖုန်းလေးကို ဘေးရှိစားပွဲပေါ် တင်လိုက်သည်။ ပြီးလျှင် မွေ့ယာခေါင်းရင်း၌ ကျောနောက်ဘက် ခေါင်းအုံးခု၍ လက်တော့(ပ်)ကို ပေါင်ပေါ် တင်လိုက်​ပြီး အလုပ်အတွက် စစ်စရာရှိတာများကို စစ်နေလိုက်သည်။ သတိုးသမီးသည် မိုးပြာရောင်ဖြင့် ခန်း မအားအလှဆင်ရန် တောင်းဆိုထားသည်။ ဒါကြောင့်...

ဝေဟင်ရေချိုးပြီး အပြင်ထွက်ခါနီးမှ တဘက်ပိုင်းကျန်ခဲ့ပြီးကို သတိရ၏။ ပုံမှန်ဆို ဒီတိုင်းထွက်သွားလိုက်မှာဖြစ်သော်လည်း အခုကိုကိုရှိနေ၏။ တံခါးကိုအသာဟပြီး အပြင်ဘက်ကို ချောင်းကြည်လိုက်လျှင် ကိုကို၏အာရုံသည် အလုပ်ထဲရောက်နေပုံဖြစ်၍ ဝေဟင်လက်နှစ်ဖက်ကို အကာကွယ်သဖွယ်ပြုလိုက်သည်။ ပြီးလျှင် ခြေလှမ်းတို့ကို ဖြည်းဖြည်းချင်းလှမ်း၍ တစ်လှမ်းပြီးတစ်လှမ်း ရေချိုးခန်းတံခါးမှ ထွက်လာခဲ့လိုက်သည်။

ကိုယ့် ချစ်ဆုံး Where stories live. Discover now