ကိုယ့် ချစ်ဆုံး ✔၉✔(Z)

2.3K 139 0
                                    


...က်လိ...က်လိ...(စာငွက္သံ)

သာယာသော စာငှက်သံ၊ ကြည်လင်သော ကောင်းကင်ယံနှင့်အတူ ဇဝါခေတ်၏တစ်နေ့တာကို အစပြုလိုက်သည်။ ကုတင်ပေါ်မှ ဆင်း၍ အကြောဆန့်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ ညက ရတီနှင့် စကားပြောဖြစ်၍ အတိတ်တွင် ပတ်သက်မှုအချို့ရှိခဲ့သည်ဟု သိရလေသည်။ အတိအကျရယ် မမှတ်မိသည်မှာတော့ ဇဝါရည်း စားများခဲ့လွန်း၍ ဖြစ်ကောင်းဖြစ်နိုင်၏။ ရေအေးနှင့်သာချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမည်အင်္ကျီကို ရွေးဝတ်လိုက်သည်။ ရတီသည် shopping ထွက်ချင်တယ်ဆိုလာ၍ လိုက်ပို့ရမည်ဖြစ်၍ ခေါင်းအစခြေအဆုံး စိတ်တိုင်းကျပြင်ပြီးခါမှ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ထမင်းစားခန်းတွင် မေမေ၊ အန်ကယ်အပြင် ဝေဟင်ပါရှိနေ၏။ ရတီဆင်းမလာသေး၍ မနက်စာစားလျက် စောင့်နေလိုက်သည်။

နောက်မိနစ် ၂၀ နီးပါးကြာသော်...

" ကိုဇဝါ သွားရအောင် "

" ကျွန်တော်လည်း လိုက်မယ် "

စိတ်မချခြင်းများစွာဖြင့် ကိုကိုနှင့် အစ်မဖြစ်သူကို နှစ်ယောက်တည်း မလွတ်နိုင်ဖြစ်ရသည်။

" ကိုဇဝါ ဒါလေးလှလား "

" ကိုဇဝါ ဗိုက်ဆာတယ်၊ တစ်ခုခုစားရအောင် "

" ကိုဇဝါ ဓာတ်ပုံလေးရိုက်ပေးပါအုန်း "

" ကိုဇဝါ......"

" ကိုဇဝါ..........."

စိတ်ရှုပ်စရာကောင်းသော မိန်းမများထဲတွင်
အစ်မ​ဖြစ်သူလည်း ပါနေလိမ်မယ်လို ဝေဟင်
မထင်ထားခဲ့။ ခုပုံအတိုင်းလျှင် ကိုကိုအပေါ် သူတစ်ယောက်ထဲမဟုတ်။ အစ်မဖြစ်သူကလည်း တော်တော်ဖြစ်နေပုံရ၏။

ဇဝါ အင်္ကျီရွေးနေသောရတီကို သေချာလေး
ကြည့်ဖြစ်သည်။ ရတီသည် လှသည်မှာတော့ တော်တော်လှသည့်အထဲပါ၏။ သဘာဝအတိုင်း ကော့ရှည်နေသော မျက်တောင်၊ မျက်လုံးဖန်ဖန်တောက်တောက်၊ နှင်းဆီဖူးနှင့်တူသော နှုတ်ခမ်းဖူးဖူး၊ ဝင်းဝါသော အသားရေ၊ အရပ်ကလည်း ၅ ပေ ၆ လောက်အသာလေးပင်ရှိနိုင်ပြီး ဒေါက်မြင့်ပါဖိနပ်စီးလိုက်လျှင် ကျော့ရှင်းပြီးထင်နေသည့် ခန္ဓာကိုယ်။

ကိုယ့် ချစ်ဆုံး Where stories live. Discover now