ကိုယ့် ချစ်ဆုံး ✔၂၈✔

10.8K 521 2
                                    


" မင်းမျက်နှာက ပျော်နေတာလား၊ ဝမ်းနည်းနေတာလား "

" ငါပျော်တယ်။ အပြည့်ဝလည်း မပျော်နိုင်ပြန်ဘူး "

" ရှင်းရှင်းပြော ဟေ့ကောင်၊ ကိုဇဝါခေတ်နဲ့ အဆင်မပြေလို့လား "

" ကိုကိုနဲ့က လုံးဝအဆင်ပြေတယ်၊ အခုက ကိုကိုမေမေနဲ့ "

" ယောက္ခမကြီးက သဘောမတူတာလား "

" ငါ့စကားမဆုံးသေးဘူးလေ သူရှိန်၊ အန်တီလည်း သဘောတူတယ် "

" ကောင်းတာပဲလေ "

ဝေဟင်၏ "စကားကို ဆုံး​အောင်နားထောင်ပါအုန်း"ဟူသော အကြည်ကြောင့် သူရှိန်ပြန်တိတ်ပြီး ဆက်ပြောစေလိုက်သည် ။

" အိမ်ပြန်နေခိုင်းတယ်။ အိမ်မှာဆို ဘယ်လွတ် လပ်တော့မလဲ၊ အခုမှ အဖြေရရုံရှိသေးကိုး "

" အေးလေ၊ ဒါနဲ့ ဆေးတွေပြတ်နေပြီး ဝေဟင် "

" နောက်ပတ်ထဲ ၂ သောင်းကျော်လောက် အရင်ရမယ်၊ မင်းသွားလိုက် သူရှိန် "

" အေး၊ ဒါ​နဲ့ဘယ်နေ့ အိမ်ပြန်ကြမှာလဲ "

" ဒီနေ့ "

ဇဝါကား၌လက်ဆွဲသေတ္တာနှစ်လုံးကို တင်ခဲ့လိုက်သည်။ ဝေဟင်သည် ဆိုင်ကယ်ဖြင့်သာ လိုက်ခဲ့သည်။ ဇဝါခေတ်အဖြစ်သည် သမီးပျိုတစ်ယောက် ရည်စားကိုအိမ်ခေါ်မိတ်ဆက်ပေးချိန် စိတ်လှုပ်ရှားနေသည့်အတိုင်း ရင်တဒိတ်ဒိတ်
ခုန်နေလေသည်။ ဝေဟင် စိတ်ပူသည်။ ကိုကိုအနားကပ်မနေရလျှင် သေမှာ။ အန်တီရှေ့၌ အနေထိုင်ဆင်ခြေရမည်။ အဖေကဲ့သို့ ခြိမ်း ခြောက်နိုင်ရန်အလို့ငှာ အန်တီမှာလည်း အမှားတစ်ခုခုရှိလျှင် သိပ်ကောင်းမည်ဟုဝေဟင်တွေးမိသည်။

" ဟင်း..."

ပင့်သက်ရှိုက်မိ၏။ ဘာဖြစ်လဲ။ အခန်းထဲရောက်မှ အတိုးချကြည်နူးမည်ဟု တွေး၍စိတ်ဖြေရသည်။ ဇဝါဘေးမှ ဝေဟင်မျက်နှာဘေးကို
ကြည်လိုက်လျှင် စိတ်နွမ်းနေဟန်တွေ့လိုက်ရသည်။

" သားတို့ အမေအသီးခွဲပေးထားတယ်၊ နေပူထဲလာရတာ ပင်ပန်းရောပေါ့၊ ခဏနားအုန်း "

ဦးမင်းထင် အထုတ်နှင့်ရောက်ချလာသော သားဖြစ်သူကိုတွေ့လိုက်ရ၍ မိမိ၏မျက်နှာအားကြည်လိုက်လျှင် အေးဆေးပင်။ မျက်နှာလေးက ကြည်လင်ပြီး ချစ်စရာကောင်းနေ၍ ဦးမင်းထင်ချစ်ဇနီးလေးကိုကြည်၍ ကြည်နူးမိပြန်သည်။ ဝေဟင် ခုချိန်၌ အဖေဖြစ်သူ၏အပြုံးကို အားကျမိသည်။ ဝေဟင်လည်း အဲလို့လေးငေးပြီး ကိုကိုအား ပြုံးကြည်ချင်မိသည်။ သို့သော် လက်ရှိအ ခြေနေမှာ ယောက္ခမမျက်စိမစူးရန်က ပိုအရေး ကြီးနေချိန်​ဖြစ်နေလေ၏။

ကိုယ့် ချစ်ဆုံး Where stories live. Discover now